Part-23

2.3K 164 16
                                    

Warning!
Sexual contents ahead!!
Read at your own risk

(+အခန်းများကို ဆိုရှယ်မီဒီယာပေါ်၌ပြန်မတင်ဖို့တောင်းဆိုပါတယ်နော်။Idol image ထိခိုက်လိုစိတ်အလျှင်းမရှိပါရှင့်။ Ficကို Ficလိုဖတ်ပေးပါ )

﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"တကယ်သေချာပြီလားပတ်ခ်ကလေး"

"ဟုတ်"

ဂျီမင်းဆီကခွင့်ပြုချက်ရသည်နှင့်တပြိုင်နက် ကိုကိုကဂျီမင်း၏ခါးသိမ်သိမ်လေးအားချက်ချင်းပင်မျက်နှာချင်းဆိုင်လှမ်းဆွဲကာနှုတ်ခမ်းဖူးဖူးလေးအားဖိကပ်နမ်းလိုက်သည်။ထိုအခါဂျီမင်းက ကိုကို့ရဲ့ရင်ဘတ်တွေပေါ် လက်ချောင်းသေးသေးလေးတွေကိုတင်လိုက်ပြီး နှုတ်ခမ်းပါးတွေ၏စိတ်ကြိုက်ချယ်လှယ်ခြင်းအားမိနစ်ပေါင်းများစွာခံယူလိုက်၏။ကိုကို့၏ဆန္ဒတွေသည်အတော်ပြင်းထန်နေပုံရကာဒီ
တစ်လျောက်လုံးအများကြီးထိန်းချုပ်ထားခဲ့ရပုံ။ဂျီမင်းသက်သာဖို့ကိုပဲအမြဲကြည့်ခဲ့တဲ့ကိုကိုဟာ အခုတော့ဂျီမင်းဆီကခွင့်ပြုချက်ရသည်နှင့် အရူးအမဲသားကျွေးသလိုပင်အရူးအမူးဖြစ်နေခဲ့သည်။

ဂျီမင်း၏နှုတ်ခမ်းလေးတွေအားတစ်ခုလုံး မဝါးမျိုရုံတမယ်နမ်း၍ လျှာများအထိတိုးဝင်ကာအဆင့်ဆင့်ရစ်ပတ်ချည်နှောင်သည်။ကိုကို့အနမ်းတွေအားဂျီမင်းအမှီလိုက်ဖို့အများကြီးလိုအပ်နေပေမဲ့ ကိုကိုစိတ်ကျေနပ်စေဖို့အတွက် ပြုသမျှနုနေမိသည်။အချိန်တစ်ခုကြာသည်နှင့် ကိုကို့ရဲ့အနမ်းတွေကိုဆက်တိုက်ခံယူနေရတဲ့ဂျီမင်း၏အသက်ရှူသံလေးတွေကမောဟိုက်လာပြီးရင်ဘတ်လေးတွေပါ နိမ့်ချည်၊မြင့်ချည်ဖြစ်လာခဲ့သည်။ဂျီမင်းမောလာသည်ကိုသိသွားတဲ့ကိုကိုဟာ နမ်းနေခြင်းအားချက်ချင်းရပ်တန့်၍ ရင်ဘတ်ပေါ်ကဂျီမင်း၏လက်ကလေးတွေအား သူ့ရဲ့ပုခုံးတွေဆီသို့နေရာရွေ့စေသည်။

ခုနကနမ်းထားသည့်အရှိန်ဖြင့်ဂျီမင်း၏ရင်ဘတ်လေးက အမောမပြေစွာနိမ့်ချည်၊မြင့်ချည်ဖြစ်နေလျက်ပင် ကိုကို့ရဲ့ပုခုံးတွေပေါ်လက်လေးတင်ကာအမြန်သိုင်းဖက်လိုက်မိ၏။ထိုအခါကိုကိုက ဂျီမင်းခန္ဓာကိုယ်လေးအားအမြန်ပင််တင်ပါးလေးမှပင့်၍ချီပြီး နှစ်ယောက်အိပ် ကုတင်ကြီးရှိရာသို့လျောက်သွားသည်။
ကုတင်နားရောက်မှာဂျီမင်းအား ပိုးသားမွေ့ယာပေါ်သို့ဖြည်းညင်းစွာချ၍ ဂျီမင်း၏အဝတ်အစားလေးတွေအား တစ်ခုမကျန်အကုန်ချွတ်ပေး၏။ဂျီမင်းခန္ဓာကိုယ်၌ ဘာအဝတ်အစားတစ်ခုမှမရှိတော့သည်တိုင်အောင် အရင်ကလောက်ရှက်ရွံ့ခြင်းမျိုးသိပ်မရှိတော့ဘဲ အရှေ့ကယောကျာ်းသည် ဂျီမင်း၏Alpha
ကိုကိုဟု စိတ်နှလုံးသွင်းလျက် ကိုကို့စိတ်ကျေနပ်သည်အထိဂျီမင်းနေပေးဖို့ဆန္ဒရှိလာခဲ့သည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Onde histórias criam vida. Descubra agora