Part-7

2.4K 213 37
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

ကိုကိုနဲ့လက်ထပ်ပြီး ၂ပတ်ကျော်ကြာသည်အထိဂျီမင်းရဲ့နေ့ရက်တိုင်းသည်သာယာပျော်ရွှင်ဖွယ်အတိပင်ဖြစ်သည်။မနက်ဆိုကိုကိုချက်ကျွေးတဲ့မနက်စာကိုစား၍ကိုကို့ကားလေးနဲ့ကျောင်းလိုက်ပို့ခြင်းကိုခံရပြီးနေ့ခင်းဆိုလဲကိုကိုကားလေးကအချိန်ကွက်တိပင်ကျောင်းရှေ့မှာကြိုစောင့်နေတတ်ပြီး အိမ်ပြန်ရောက်တာနဲ့ကိုကို့ကိုယ်တိုင်ချက်‌ကျွေးတဲ့ညနေစာကိုထပ်စားသုံး
ရပြန်သည်။

ညပိုင်းဆို ဂျီမင်းရုပ်ရှင်ကြည့်ရင် ကိုကိုပါအတူတူလိုက်ကြည့်ပေးတတ်ပြီးAssignment
များလုပ်စရာရှိရင်လဲကိုကိုကဝိုင်းကူလုပ်ပေးသေးသည်။အခုများဆို ဂျီမင်းလူလည်ကျပြီး Assignmentများကိုကိုကို့ ကိုဘဲလုပ်ခိုင်းတတ်တော့၏။ဒါပေမဲ့ကိုကိုကတော့ ဂျီမင်းဆံပင်လေးကိုသာဆွဲဆွဲဖွ၍"လူလည်လေး"ဟုပြောကာ
Assignmentများအားမငြီးမငြူအကုန်ရေးပေးတတ်ပါသည်။

ဂျီမင်းအိပ်ပျော်သွားတဲ့အချိန်လောက်မှသာ ကိုကိုကသူ့ရဲ့macbookကိုကိုင်ကာအလုပ်လုပ်တတ်ပြီး ဂျီမင်းနဲ့ကုန်ဆုံးတဲ့အချိန်များမှာတော့ ဘာအလုပ်ကိုမှခေါင်းထဲမထည့်ဘဲ ဂျီမင်းတစ်ယောက်ထဲအတွက်သာအချိန်သီးသ‌န့်‌ပေးတတ်သည်။

အခုထိကိုကို့ကို ဂျီမင်းအဖြေမပေးရသေးဘူးဆိုပေမဲ့ ကိုကိုနဲ့တော့တစ်ကုတင်ထဲသာ တူတူပူးအိပ်ကြသည်။တစ်ခါတစ်လေလဲ ဂျီမင်းရဲ့အိပ်ရေးကြမ်းတဲ့ပုံစံလေးအတိုင်းကိုကို့ခန္ဓာကိုယ်အပေါ်ရောက်နေတတ်ပြီး  ကိုကို့ကလည်း ထိုအတိုင်းသာအညောင်းခံပြီး ဂျီမင်းခန္ဓာကိုယ်လေးကိုဖက်ထားကာအိပ်တတ်သည်။

တဖြည်းဖြည်းထိုကဲ့သို့ကိုကိုနဲ့နီးကပ်လာတာကို ဂျီမင်းဘယ်လိုမှမနေတော့ဘဲ ပုံမှန်ဖြတ်သန်းနေကြကိစ္စရပ်တစ်ခုလိုပင်နေသားကျလာခဲ့သည်။တစ်ခါတစ်လေဆို ကိုကိုရင်ခွင်ထဲကိုတောင် ဂျီမင်း ကိုယ်တိုင်ဝင်ပြီးအိပ်နေတတ်သလို ကိုကိုဟင်းချက်ရင်လည်း အနောက်ကနေငြိမ်ငြိမ်မနေဘဲ ကလေးများကဲ့သို့ကုန်းပိုးခိုင်းမိပြန်သည်။
ကိုကိုခမျာ့မှာတော့ဘာအပြစ်မှမဆိုသလိုထိုအတိုင်းသာမငြီးငြူဘဲဂျီမင်းကိုချီကာဟင်းချက်ရ၏။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now