Part-19

2.6K 201 45
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌
ကိုကိုနဲ့ဂျီမင်း ပြန်အဆင်ပြေပြီးနောက်နေ့မှာပင် ဂျီမင်းဆေးရုံမှဆင်းလာခဲ့သည်။ဆေးရုံကဆင်းဆင်းချင်းနေထိုင်ရာအိမ်တော်ကိုပြန်ရောက်တော့ ဗိုက်ထဲကသမီးလေးကိုအရင်ကထက်ပိုဂရုစိုက်နေမိပြီး နောက်ထပ်ဘယ်လိုအန္တရာယ်မျိုးမှမဖြစ်စေရန်အတတ်နိုင်ဆုံးဆင်ခြင်နေထိုင်နေမိသည်။

အဘယ့်‌ကြောင့်ဆိုသော် ဂျီမင်းချစ်တဲ့ကိုကိုရဲ့ပျော်ရွင်မှုတစ်စိတ်တစ်ပိုင်းသည် ဗိုက်ထဲကသမီးလေးဖြစ်နေ၍ ကိုကို့ပျော်ရွှင်မှုလေးမမှေးမှိန်အောင်အခုကနေစပြီး ဂျီမင်းကြိုးစားနေထိုင်မည်ဟု ကိုယ့်ကိုကိုယ်ကတိပေးထားသောကြောင့်ဖြစ်သည်။

အခုဆို အိမ်တော်ပြန်‌ရောက်ထဲကကိုကိုမစားစေချင်တဲ့ အစပ်တွေကိုဂျီမင်းလုံးဝမစားတော့ပဲ သမီးလေးအတွက်ပိုအာဟာရဖြစ်စေမယ့် အစာများကိုသာ သင့်တင့်မျှတအောင်နေ့စဉ်စားသုံးပေးတတ်လာသည်။ညအိပ်ခါနီးတိုင်းလည်း နွားနို့တစ်ခွက်အားအမြဲသောက်ပြီး အိပ်ချိန်၊စားချိန်မှန်အောင်နေထိုင်၍ နေ့လည်နေ့ခင်းအားလပ်နေသည့်အချိန်များတွင်တော့ တရေးတမောအိပ်ခြင်းနဲ့စိတ်ငြိမ်စေရန်အတွက်‌မေမေသင်ပေးထားသည့်ချည်ထိုး‌နည်းလေးများကိုလေ့လာကာ ကိုယ်တိုင်ကြိုးစားထိုးကြည့်တတ်သည်။

လှေကားအတတ်၊အဆင်းကိုလည်း ကိုကိုစိတ်မပူအောင် တတ်နိုင်သလောက်ဖြည်းဖြည်းသာဆင်းပြီး ညနေ့ခင်းများမှာတော့ ကိုကိုနဲ့အတူ ခြံထဲမှာလမ်းပတ်လျှောက်တတ်သည်။ထို့အတူမေမေကပါ ဂျီမင်းမီးမဖွားခင်အထိ အိမ်မှာတူတူလာနေပေးတာဖြစ်၍ အိမ်မှာသိပ်မပျင်းရဘဲနေလို့အဆင်ပြေလှသည်ဟုဆိုရမည်။နောက်ပြီးအရင်ကကိုယ်ဝန်ရှိခါစကလို ဒီရင်သွေးလေးကို မလိုချင်ဘူးဆိုသည့်က‌လေးဆန်တဲ့စိတ်သိပ်မရှိတော့ပဲ တစ်နေ့နဲ့တစ်နေ့ သမီးလေး လူ့လောကထဲကိုဘယ်လိုပုံစံနဲ့ဝင်လာမလဲဆိုတဲ့မိဘတစ်ယောက်ရဲ့မေတ္တာ‌နဲ့သာရင်ခုန်စွာစောင့်မျှော်နေတတ်လာပြီ။

အခုဆို ကိုယ်ဝန်ကလလည်းအတော်ရင့်နေပြီဖြစ်၍ ကိုယ်ဝန်နုကာစကလို မူးဝေအော့အန့်တာမျိုးသိပ်မရှိတော့ဘဲနေရထိုင်ရအဆင်ပြေလာပြီး ဗိုက်ထဲကသမီးလေးကိုလဲကျေးဇူးတင်စကားတွေပြောတတ်လာခဲ့ပြီ။တကယ်တော့လူ့လောကထဲကို အခုထိမရောက်လာသေးတဲ့သမီးလေးဟာ ဂျီမင်းနဲ့ကိုကို့အတွက် ဆုလာဘ်လေးတစ်ခုဆိုတာကိုတဖြည်း
ဖြည်းနဲ့ဂျီမင်းပိုပိုနားလည်တတ်ခဲ့ပြီဟုပြောရင်ပိုမှန်မည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now