Part-15

2.1K 166 52
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"သမီးလေးရေ ပါပါးရဲ့ဗိုက်လေးကိုအရမ်းမကန်ပါနဲ့ကွာ ဒယ်ဒီ‌ကတောင်းဆိုတယ်နော်။သမီးလေးကန်ရင် ပါပါးကအရမ်းနာလို့ပါတဲ့"

ကိုကိုကဂျီမင်း၏ဗိုက်စူစူလေးအား အကြောမပြတ်စေဖို့ဆေးလိမ်းပေးနေရင်းမှ ဗိုက်ထဲကရင်သွေးလေးနဲ့စကားပြောနေလေသည်။ကိုကို့စကားလေးကြောင့် ဆေးအလိမ်းခံနေရတဲ့ဂျီမင်းမှာသဘောကျသလိုရယ်လဲရယ်ချင်မိ၏။

အဲ့လိုပြောရင် သမီးလေးကသိမှာတဲ့လား။သိတာ၊မသိတာမသေချာပေမဲ့ ကိုကိုကတော့နေ့စဥ်ရက်ဆက်ဂျီမင်းဗိုက်လေးနားကပ်ကာ သူ့သမီးလေးကိုစကားတွေပြောနေခဲ့ပါသည်။ရှေ့တစ်ပတ်ကဆေးရုံမှာUltrasoundသွားစစ်တဲ့ရလဒ်အရ ကိုကိုနဲ့ဂျီမင်းရဲ့ရင်သွေးလေးဟာ"သမီးလေး"တဲ့။

ဆရာဝန်ဆီကထိုစကားကိုကြားတော့ ကိုကိုသိပ်ပျော်သွားတာကိုဂျီမင်းအခုထိမမေ့နိုင်။ကိုကိုကအရင်ထဲကသမီးမိန်းကလေးပိုလိုချင်သူဖြစ်၍ သူ့ဆန္ဒတွေပြည့်သွားတဲ့အပေါ် သိပ်ကျေနပ်နေပုံရသည်။ထို့အတူ ဂျီမင်းကိုလည်း ပို၍ပင်အများကြီးဂရုစိုက်လာခဲ့သည်။အရင်ကလည်းဂရုစိုက်တာမှန်ပေမဲ့ အခုကပိုဆိုး၏။ မနက်အိပ်ယာနိုးတာနဲ့ ညမိုးချုပ်တဲ့အထိကိုကိုကဂျီမင်းအနားကမခွာပါ။Companyကိုလည်း အင်မတန်အရေးကြီးမှသာသွားတတ်ပြီးအိမ်၌သာ အလုပ်လုပ်ကာ ဂျီမင်းအားမျက်စိဒေါက်ထောက်ကြည့်နေတတ်၏။

ထို့အတူ ခင်ပွန်းတစ်ယောက်၏တာဝန်တွေကိုလည်းတစ်ချက်မှမလစ်ဟင်းစေရ။မနက်ဆို ဂျီမင်အိပ်ရာထတာနဲ့ မျက်နှာအထိ ကိုကိုကသစ်ပေးတတ်ပြီးအစားအစာဆိုလည်း ကိုယ်ဝန်ရှိထဲက ဂျီမင်းဟုတ်တိပတ်တိမစားတာကိုသိ၍ မစားစားချင်အောင် နိုင်ငံတကာက ရိုးရာအစားစာများအထိYoutubeကကြည့်ရှူကာ ချက်ကျွေးသေးသည်။

ထို့အတူ အခုဆို ဂျီမင်းတို့အိမ်၌အလုပ်သမားအများပြားထားထားသည်။ခြံစောင့်မှစ၍ မီးဖိုချောင်ဝန်ထမ်း၊အိမ်သန့်ရှင်းရေးအထိ တစ်ခုမှမလစ်ဟင်းစေဘဲ ကိုကိုက‌စနစ်တကျခန့်ထားပုံရ၏။ထို့ကြောင့် အိမ်မှာ ဂျီမင်းက ဘုရင်ဖြစ်လာသည်။သေချာပြောရမယ်ဆိုရင်တော့ ဗိုက်လုံးလုံးလေးနဲ့ဘုရင်ပေါ့။ ဘုရင်ဆိုတဲ့အတိုင်း အိမ်ကလူများကို ဆရာလုပ်ပြီးအများကြီးလဲဂျစ်တိုက်ပါသေးသည်။အဲ့ဒီထဲမှာကိုကိုကတော့ထိပ်ဆုံးကပေါ့။သို့သော်လည်းနေ့စဉ်နေ့တိုင်း ဂျီမင်း၏ဂျစ်တိုက်မှုများကို ကိုကိုကအပြုံးမပျက်ခံလေ့ရှိပြီး ဂျီမင်းမျက်နှာလေးအချိန်တိုင်းကြည်လင်နေစေဖို့အမြဲကြိုးစားပေးသည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now