Part-20

2.4K 190 30
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

ယနေ့အိမ်တော်ထဲသို့ အလုပ်သမားအင်အားခပ်များများဖြင့် King size မွေ့ယာကြီးများအား တစ်ခုပြီးတစ်ခုသယ်ယူဝင်ရောက်လာကြ၍ ထိုမွေ့ယာများအားနေရာချရန်အလုပ်သမားများအားသေချာညွန်းပြနေသော သားဂျောင်ဂုဆီသို့သူမအလျင်စလိုသွားမေးဖို့ပြင်လိုက်သည်။ဘာလို့လဲဆိုတော့ ဒီအိမ်တော်ကအခန်းတိုင်းမှာ မွေ့ယာတွေကော၊ကုတင်တွေကောအစုံအလင်ရှိတာသူမ,သိပြီးသားမလို့လေ။ဒါဆိုအခုဒီမွေ့ယာတွေကဘာများလုပ်မလို့ပါလိမ့်။

အခုမှ မနက်ခင်းအစောပိုင်းသာရှိသေးသော်လည်း အိမ်တော်ထဲကို လူအများအပြားဝင်ထွက်နေ၍ လတ်တလောအလွန်ရှုပ်ယှက်ခပ်နေလေသည်။မင်လေးကတော့ အစောကြီးရှိသေး၍အခုထိမနိုးသေး။သူမ,ကတော့ နိုးနေတာကြာပြီဖြစ်သော်လည်း အိမ်အောက်ထပ်ကိုအခုမှဆင်းလာတာဖြစ်၍ဒီမြင်ကွင်းကိုမြင်ခြင်းဖြစ်၏။

"ဧည့်ခန်းထဲမှာKing Size bed 2ခုနဲ့ Single size bed 1ခုထားပေး။ပြီးတော့အိပ်ခန်းထဲထည့်မယ့်ဟာကိုတော့ နောက်တစ်နာရီလောက်မှစရွေ့ကြမယ် ငါ့Omegaအိပ်နေတုန်းမို့လို့"

"ဟုတ်ကဲ့ပါသခင်လေးဂျွန်"

ဝန်ထမ်း‌လေးကကိုယ့်ဆီကညွန်ကြားချက်ရသည်နှင့်အရိုအသေပေးကာချက်ချင်းထွက်သွားပြီး အခုမှအနားကိုရောက်လာသည့်အန်တီ့ကိုဂျောင်ဂုတွေ့၍ ချက်ချင်းနှုတ်ဆက်လိုက်သည်။

"အန်တီ Morning ပါခင်ဗျ"

"အေး Morning ပါကွယ် ဒါနဲ့ ဒီမွေ့ယာတွေအများကြီးကဘာလုပ်ဖို့လဲသားဂျောင်ဂု"

သူမ,ကဧည့်ခန်းထဲ၌အစီအရီဘေးချင်းကပ်ချထားသောမွေ့ယာ၃ခုကိုလက်ညှိုးထိုး၍နားမလည်နိုင်သလိုမေးခွန်းထုတ်လိုက်သည်။

"အော် ဒါတွေလား။ကျွန်တော်ထပ်ဝယ်လိုက်တာအန်တီ။အခုတစ်လောပတ်ခ်ကလေးကကျောခင်းလိုက်တာနဲ့ တွေ့တဲ့နေရာမှာလျောက်အိပ်နေတတ်လို့လေ။အဲ့တာအဆင်ပြေသွားအောင် ဧည့်ခန်းနဲ့အိပ်ခန်းထဲမှာအများကြီးထားထားပေးလိုက်မလို့ပါ"

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now