Part-22

2.4K 180 24
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"အဲ့! အဲ့! အဲ့ "

မနက်ခင်းရဲ့ဆည်းလည်းသံလေးအချို့ကအိမ်တော်၏ထမင်းစားဆောင်နား၌တဝဲလည်လည်ပျံ့နှံ့နေလေသည်။သမီးလေးဂျောင်မင်က သူ၏အဖွားဖြစ်သူအားချစ်ဖို့ကောင်းတဲ့အသံသေးသေးလေးတွေထွက်ပြီးမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့စိုက်ကြည့်ပြုံးပြနေ၍မေမေကသူ့မြေးကိုချစ်မဝဖြစ်နေသည်။
ဂျီမင်း‌ကတော့ မေမေကသမီးလေးကိုထိန်းပေးနေ၍ မနက်စာကိုအေးဆေးစားသုံးနေရ၏။ပုံမှန်ဆို သမီးလေးကဂျီကျပြီး ဂျီမင်းလက်ပေါ်ကမဆင်းပဲနေ၍ ဂျီမင်းမှာထမင်းပင်ကောင်းကောင်းမစားရ။အခုတော့သူ့အဖွားနဲ့တည့်နေ၍ နည်းနည်းလွှတ်ထားပေးလို့ရနေသည်။

"မနက်စာ စားလို့ကောင်းရဲ့လားပတ်ခ်ကလေး"

ရုံးသွားဖို့ပြင်ဆင်ပြီးအိမ်အောက်ဆင်းလာသောကိုကိုဟာ မနက်စာစားနေတဲ့ဂျီမင်းရဲ့ခေါင်းလေးကိုလှမ်းပွတ်သပ်ပြီးမေးလာ၍ ချက်ချင်းပင်ခေါင်းမော့ကြည့်လိုက်ပြီး....

"ကောင်းပါတယ်ကိုကို"

"ညနေစာကိုတော့ ရုံးကပြန်လာမှကိုကိုကိုယ်တိုင်ကလေးအကြိုက်ချက်ကြွေးမယ်နော် ဒီနေ့ကအိပ်ရာထနည်းနည်းနောက်ကျသွားလို့ပါ"

"ဟုတ်ကဲ့ပါကိုကိုရဲ့ ရတယ်နော်။စားဖိုမှူးကြီးရဲ့လက်ရာလဲစားကောင်းပါတယ် ဂျီမင်းကြိုက်တယ်"

"ဟုတ်ပါပြီ ကိုကို့ကလေးလေးအဆင်ပြေဖို့အဓိကပဲ"

ဂျီမင်းအဆင်ပြေတယ်ဆိုမှကိုကိုကစိတ်ချသွားပုံဖြင့် ဂျီမင်းဘေးနားကခုံလွတ်၌ဝင်ထိုင်ပြီး ကော်ဖီတစ်ခွက်ငဲ့သောက်သည်။ကိုကိုကအခုရက်ပိုင်း အလုပ်ကိစ္စတွေပြန်များလာပြီးညဖက်ဆိုတော်တော်နောက်ကျမှအိပ်ရာဝင်ရ၍အခုနောက်ပိုင်းအစားစာများကို အိမ်တော်၌အသစ်ခန့်လိုက်သောစားဖိုမှူးကြီးကသာချက်ပြုတ်ပြင်ဆင်ပေးရတော့သည်။သို့သော်လည်း ကိုကိုကတော့ ရံဖန်ရံခါသူကိုယ်တိုင်ဂျီမင်းစားချင်တာကိုဝင်ချက်ပေးနေတတ်သေး၏။
ဂျီမင်းကတော့ဘယ်လိုစားရစားရအဆင်ပြေပါသည်။အဓိကက ကိုကိုမပင်ပန်းဖို့ပဲ။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Место, где живут истории. Откройте их для себя