Part-14

1.2K 139 52
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"ဂုဏ်ယူပါတယ်ဂျောင်ဂု  မင်းOmegaမှာကိုယ်ဝန်၂လရှိနေပြီ
ဒီနေ့ကစပြီးမင်းအ‌ဖေဖြစ်ပြီကွ"

သူငယ်ချင်းဖြစ်သူဒေါက်တာဂျောင်ဟိုဆော့၏စကားကြောင့် ဂျောင်ဂုရဲ့အသက်ရှူနှုန်းပင်ရုတ်တရက်ရပ်တန့်သွားပြီး ငူငူကြီးသာမတ်တပ်ရပ်နေမိသည်။ကြားလိုက်ရသောစကားသည်သေချာပေါက် သူနားကြားလွဲတာမဟုတ်။‌

ဘေးက ပတ်ခ်ကလေး၏မိဘနှစ်ပါးကတော့ထိုစကားကြောင့်မျက်နှာတွေချက်ချင်းရွှင်ပျသွားပြီး"မြေးချီရတော့မယ်"ဆိုတဲ့စကားကိုသာထပ်တလဲလဲပြောဆိုနေကြသည်။နားထဲမှာထိုအသံများကကြားတစ်ချက်၊မကြားတစ်ချက်။

ရင်ထဲကအမြန်ပင်လှိုက်တတ်လာသောပျော်ရွှင်မှုကြောင့် ကုတင်ထက်၌ဖြူဖပ်စွာလှဲလျောင်းအိပ်ပျော်နေသော ပတ်ခ်ကလေးဆီကိုသာအရင်အကြည့်ရောက်သွားပြီး ချက်ချင်းပင်အနားသွားကာ လက်သေးသေးလေးလေးများကိုသွား
ရောက်ဆုပ်ကိုင်လိုက်မိသည်။

ခုနက ပတ်ခ်ကလေး လှေကားပေါ်က
ခြေချော်ပြီးသတိလစ်သွား၍ တစ်မိသားစုလုံးအင်မတန်စိတ်ပူပြီးစိုးရိမ်ခဲ့ရ‌သော်လည်း အခုတော့ထိုအဖြစ်အပျက်လေး၏နောက်ကွယ်၌
အကြောင်းတရားလေးကကပ်ပါနေခဲ့သည်။အဲ့တာကကိုယ်ဖခင်တစ်‌ယောက်ဖြစ်တော့မယ်ဆိုတာနဲ့ပတ်ခ်ကလေးဆီမှာ ကိုယ့်ရဲ့ရင်သွေးလေးရှိနေပြီဆိုတာပဲ။

အခုတစ်လော ကလေးငယ်လေး အားနည်းနေသလိုဖြစ်‌နေတာဗိုက်ထဲကဒါလေးကြောင့်တဲ့လား။အမြဲလိုလို ဖြူဖပ်ဖြူရော်ဖြစ်နေလို့တောင်ဆေးခန်းပြဖို့ကိုယ်ခဏခဏပြောမိပေမဲ့ခေါင်းကြောမာလေးကမပြခဲ့၍ အခုလိုကိုယ့်ရဲ့ရင်သွေးလေးအားလွယ်ထားရခြင်းကိုလုံးဝမသိခဲ့ရ။

ချက်ချင်းပြောင်းလဲသွားသောယခုအခြေအနေလေးကြောင့်ဂျောင်ဂုနှလုံးသားတစ်ခုလုံးပင်နွေးထွေးလာပြီးမျက်ရည်များလဲတသွင်သွင်ကျလာခဲ့သည်။ဒါဟာဝမ်းသာလို့ကျတဲ့မျက်ရည်တွေ။နောက်ဆုံးတော့သူဟာဖခင်တစ်ယောက်ဖြစ်လာတော့မှာဘဲဆိုသည့်ခံစားချက်သည်လတ်တလော
ဘယ်‌လိုပျော်ရွှင်မှုမျိုးနဲ့မှကိုမလဲနိုင်ပါ။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now