Part-13

1.2K 125 73
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"အာ့! ဖြည်းဖြည်းလုပ်ကိုကို  ဂျီမင်းနာတယ်!"

"ခဏလေးသည်းခံနော်ကလေး "

"အီးဟီး နာတယ်လို့ မလုပ်ချင်တော့ဘူး !!"

"အင်းပါပတ်ခ်ကလေးရယ် အခုတစ်ချက်လေးဘဲနော် အချိန်ဆက်ဆွဲနေရင်ကလေးပိုနာမှာစိုးလို့ပါ"

အသံဗြဲလေးနဲ့ထငိုသောပတ်ခ်ကလေးကြောင့်
ဂျောင်ဂုမှာ လုပ်နေလက်စအားဆက်လုပ်ရမလိုလို၊မလုပ်ရမလိုလိုဖြစ်နေတော့သည်။အခုချိန်မှာကလေးလေးနာကျင်နေတာကိုနားလည်သော်လည်းဆက်မလုပ်တော့ရင်ပိုနာကျင်ရလိမ့်မယ်။အဲ့တော့သူ့ဘက်က ချော့ပြောရုံသာရှိတော့၏။

"အီးဟီး အရမ်းနာတယ်လို့ "

"အင်းပါကလေးရယ် ကိုကိုနားလည်တယ်နော်
ကိုကို့ကိုယုံပါ ကလေးလေးသက်သာသွားအောင်လုပ်ပေးမယ်နော်"

"အဟင့်! အဲ့တာဆိုဖြည်းဖြည်းလုပ်ပေးနော်
ဂျီမင်းနာလို့ပါ"

"စိတ်ချနော်  ကိုကို့ကလေးလေးဘာမှမဖြစ်
စေရဘူး "

ပါးပေါ်ကမျက်ရည်စလေးများကိုလက်တစ်ဖက်ကသုတ်ပေးရင်းချော့မော့ကာချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်သည်။ပြီးမှပတ်ခ်ကလေး
၏အဆစ်လွဲနေသောခြေထောက်လေးအား လက်နှစ်ဖက်လုံးဖြင့်ဆွဲကိုင်ကာသတိမထားမိခင်မှာပင် အားဖြင့်ပြန်တည့်မတ်လိုက်သည်။ထိုအခါ
"ဂျွတ်!" ဆိုသည့်ခြေထောက်အဆစ်လေးပြန်လည်တည့်မတ်သွားသံနှင့်အတူပတ်ခ်ကလေးဆီက အော်သံစူးစူးကိုပါဧည့်ခန်းတစ်လျောက်တစ်ပါထဲစီစီညံညံထွက်လာတော့၏။

"အား!!"

"အီးဟီး.. နာတယ်!ဂျီမင်းခြေထောက်လေးနာတယ် ကိုကိုလူလိမ်ကြီး ဂျီမင်းကိုလိမ်တယ်!!"

ကိုယ့်ရင်ဘတ်များအားလက်ဖြင့်အဆက်မပြတ်ပုတ်ရိုက်ပြီး အော်ငိုနေသောပတ်ခ်ကလေးအား
စိတ်မကောင်းလွန်းစွာကြည့်ပြီး ခုနကအဆစ်လွဲသွားသောခြေထောက်လေးအား အမြန်ဆေးလိမ်းကာဖြင့်ပတ်တီးစီးပေးနေမိသည်။

ပတ်ခ်ကလေးခြေထောက်အခုလိုဖြစ်သွားရခြင်းအကြောင်းအရင်းကတော့ ခုနကနှစ်ယောက်သားပြေးစက်ပေါ်တတ်ပြေးရင်း ပတ်ခ်ကလေးကအရှိန်လွန်ကာခြေထောက်ခေါက်လဲကျသွားရာက‌
နေခြေဆစ်လွဲသွားခြင်းဖြစ်သည်။ဖြစ်ဖြစ်ချင်းဆေးခန်းသွားမယ်လုပ်သော်လည်း ကလေးလေးကကြောက်လန့်တကြားမသွားဘူးဟုသာ"ဘူး"ခံ
ငြင်းနေ၍ယခုလိုအခြေအနေဖြင့်သာအိမ်၌
သက်သာအောင်လုပ်လိုက်ရခြင်းဖြစ်သည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now