Part-24

2.4K 182 28
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

"ကိုကိုသန့်ရှင်းရေး‌လုပ်ပေးမယ်နော်"

ညနေရုံးဆင်းထဲက ကူးလူးဖြတ်သန်းခဲ့သောကိုယ်နဲ့ပတ်ခ်ကလေး၏ အချစ်ပင်လယ်သည် မိုးစုန်းစုန်းချုပ်မှသာ ပြီးဆုံးခဲ့၍ ပတ်ခ်ကလေးတစ်ကိုယ်လုံးအား
ရေချိုးခန်းထဲဝင်ကာသန့်ရှင်းရေးလုပ်ပေးပြီး Pajamas အသစ်တစ်စုံကိုကိုယ်တိုင်လဲလှယ်ပေးလိုက်သည်။ကိုယ်လုပ်သမျှကို ပတ်ခ်ကလေးက မျက်စိမှိတ်၍သာခံယူပြီး တစ်ချက်၊တစ်ချက်အိပ်ငိုက်နေ၏။

အဝတ်အစားအကုန်လဲပြီးသည်နှင့်ပတ်ခ်ကလေး
အား ပြတင်းပေါက်ဘေးကအသစ်ဝယ်ထားသော မွေ့ယာအသစ်‌ထက်၌ခဏအိပ်ခိုင်းထားလိုက်ပြီး ခုနကသောင်းကျန်းခဲ့သည့်နှစ်ယောက်အိပ်ကုတင်ရှိ အိပ်ယာခင်းနဲ့ခေါင်းစွပ်များကိုတော့ မြန်မြန်ဆန်ဆန်ပင်အသစ်ပြန်လဲလှယ်လိုက်သည်။အားလုံးပြီးမှ တစ်ဖက်မွေ့ယာပေါ်၌ ကွေးကွေးလေးအိပ်ပျော်နေသောချစ်ရသူကိုပြန်ပွေ့ချီ၍ အသစ်လဲထားသောမွေ့ယာပေါ်၌အသာလေးချပေးလိုက်သည်။မျက်တောင်လေးတွေ လှုပ်လိ့၊လှုပ်လဲ့ဖြစ်နေတဲ့ပတ်ခ်ကလေးဟာ အိပ်ပျော်နေရာကခဏနိုးလာပုံပေါက်၍...

"ဗိုက်ဆာနေလားကလေးလေး ညစာစားအုံးမလား
ကိုကိုသွားယူလာခဲ့မယ်လေ"

ပါးလေးအား နှာခေါင်းတိုးဝင်၍ တစ်ချက်ဖိကပ်နမ်းလိုက်ပြီးမေးတော့ အင်းအင်းအဲအဲအသံလေးများထွက်လာသည်။

"အိပ်ချင် တယ်...ဗိုက်လဲဆာတယ်"

ချစ်စရာအသံလေးကြောင့်တစ်ချက်ပြုံးလိုက်မိပြီး...

"ဟုတ်လား...အဲ့ဆိုခဏအိပ်နေနှင့်နော်။ကိုကိုအောက်ဆင်းပြီးပတ်ခ်ကလေးစားဖို့တစ်ခုခုသွားယူလာခဲ့မယ်"

ကိုယ့်စကားအား ခေါင်းလေးနှစ်ချက်လောက်ငြိမ့်ပြပြီး ပြန်အိပ်ပျော်သွားသဖြင့် ရွှေဝါရောင်ခေါင်းလေးအား တစ်ချက်ပွတ်ကာအခန်းထဲကထွက်၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။လှေကားတွေအတိုင်းဆင်းပြီးသည်နှင့် Kitchen ထဲသို့အရင်ဝင်လိုက်၏။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now