Part-16

1.1K 122 35
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌
ညကတစ်ညလုံးကိုကို့ကိုမလွတ်စတမ်းဖက်အိပ်ခဲ့ပေမဲ့ မနက်ခင်းအိပ်ရာနိုးချိန်မှာတော့ဂျီမင်းအနားမှာကိုကိုမရှိတော့ပါ။ဂျီမင်းနှုတ်ခမ်းလေးဆူသွားသည်။ကိုကိုက ခရီးသွားတာကိုဂျီမင်းကိုလုံးဝမနှိုးသွားခဲ့ဘူး။လွတ်နေသောထစ်ဖက်ခြမ်းကအိပ်ရာလေးကိုကြည့်ပြီး မနက်ခင်းအိပ်ရာနိုးစမှာပင်ဂျီမင်းကစတင်ဝမ်းနည်းနေပြီဘယ်တုန်းကများဒီလောက်ထိ ကိုကိုမရှိဘဲဂျီမင်းမနေတတ်ခဲ့ပါလိမ့်။

လက်ထပ်ပြီးထဲက ကိုကို့အလိုလိုက်မှုကိုခံပြီး ကိုကို့ရဲ့ဂရုစိုက်မှုတွေကြားထဲနေခဲ့ရသူဖြစ်၍ ဂျီမင်းနားမှာ ကိုကိုမရှိဘူးဆိုတဲ့အခုအခြေအနေဟာ စတင်နေသားမကျဖြစ်နေခဲ့သည်။လေပူတစ်ချက်ကိုသာစိတ်ပျက်စွာမှုတ်ထုတ်၍ ဗိုက်ကလေးကိုပွတ်သပ်ကာ အိပ်ရာထက်မှထပြီးရေချိုးခန်းထဲသို့အရင်ဝင်လိုက်သည်။အထဲ
ရောက်တော့ဘေစင်ရဲ့ဘောင်လေးပေါ်မှာတင်ထားတဲ့ သွားတိုက်တံလေးပေါ်၌သွားတိုက်ဆေးလေးဟာအဆင်သင့်။ကိုကိုက ဂျီမင်းအပေါ်နေ့စဉ်လုပ်ပေးနေကြအရာလေးကိုတော့မမေ့မလျော့လုပ်ပေးခဲ့သားဘဲ။

သို့သော်လည်း  နောက်၂ရက်တိတိ ဒီသွားတိုက်တံလေးပေါ်ကိုသွားတိုက်ဆေးထည့်ပေးမယ့်သူမရှိမှာကိုကြိုတွေးမိပြီး ဂျီမင်းမျက်နှာလေးကငိုမဲ့မဲ့ဖြစ်လာသည်။ဒါတောင်ကိုကိုက၂ရက်ထဲသွားမှာမို့လို့ပေါ့။ဒီလောက်လေးနဲ့ကိုပတ်ခ်ဂျီမင်း‌တို့အသည်းနုနေပုံများ။နောက်တစ်ခါများတော့ ကိုကိုခရီးသွားတိုင်းဂျီမင်းပါလိုက်သွားပစ်မည်ဟုစိတ်ထဲတေးမှတ်ထားလိုက်မိသည်။

ခဏကြာသည်နှင့်မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီး၍ ရေချိုးခန်းထဲကအမြန်ထွက်ကာ ဗီဒိုထဲက ကိုကို့ရဲ့ဟူဒီအင်္ကျီခပ်ပွပွတစ်ထည်ကိုယူဝတ်လိုက်သည်။ဂျီမင်းကိုယ်ဝန်ရှိထဲက ကိုကို့ရဲ့အင်္ကျီများကိုမကြာခဏယူဝတ်တတ်ပြီး ကိုကိုကလည်းထိုသို့ဝတ်သည်ကိုသဘောတကျပြုံးပြုးကြီးကြည့်နေတတ်သည်။အခုဆို ကိုကို့ရဲ့အင်္ကျီအချို့ကိုတစ်နေ့တစ်ထည်နှုန်းဖြင့်ဂျီမင်းယူယူဝတ်နေ၍ ကိုကို့မှာဝတ်စရာပင်မရှိတော့ပါ။
ဒါပေမဲ့ ကိုကိုကတော့ဂျီမင်းကိုဘာမှမပြော။ဂျီမင်းစိတ်တိုင်းကျသာနေခွင့်ပေးထားသည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now