𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌"ကိုကိုလာကြိုပေးရအုံးမလား "
ပတ်ခ်ကလေးသူငယ်ချင်းနဲ့ချိန်းထား
သည့်Cafeဆိုင်လေးရှေ့အထိကားနဲ့လိုက်ပို့ပေးလိုက်ပြီး ကားပေါ်ကဆင်းသွားသော ကလေးလေးကိုမှန်တံခါးချကာလှမ်းမေးလိုက်သည်။"မကြိုနဲ့တော့ကိုကို ထယ်ယောင်းမှာကားပါတယ်
သူပြန်လိုက်ပို့မှာ""အွန်းပါ အဲ့တာဆိုကိုကိုသွားပြီနော် အိမ်ကိုနောက်မကျခင်ပြန်အုံး"
"ဟုတ်ကဲ့ကိုကို တာ့တာ"
ထွက်သွားသော ကိုကို့ရဲ့ကားလေးအားလက်
ဝေ့ယမ်းပြကာCafeဆိုင်လေးထဲသို့ဂျီမင်းဝင်လိုက်သည်။ဂျီမင်းအခုလာသည့်ဆိုင်လေးက တစ်ဆိုင်လုံးကိုအပြာရောင်နဲ့အဖြူရောင်ဆေးများသုတ်ထားပြီး တိမ်တိုက်တွေကြားထဲရောက်သွားသလိုပင်။ဆိုင်ထဲကိုဝင်ပြီးမျက်စိကစားကာ သူငယ်ချင်းဖြစ်သူထယ်ယောင်းအားအရင်ရှာလိုက်သည်။တွေ့ပါပြီမောင်မင်းကြီးသားလေးကို။ဒင်းကထောင့်ကျတဲ့စားပွဲဝိုင်းတစ်ခု၌ စတော်ဘယ်ရီကိတ်ကိုပယ်ပယ်နယ်နယ်ဇွန်းနဲ့ခပ်စားနေတာများဘယ်နှစ်ဘဝကငတ်ကြီးကျလာသလဲမသိ။
ဒါတောင်ဒင်းရဲ့Pheromoneက
Strawberryရနံ့။"တော်တော်မှစားလို့ကောင်းရဲ့လား"
မျက်နှာချင်းဆိုင်ခုံ၌ဝင်ထိုင်ကာမေးလိုက်မှထယ်
ယောင်းကမော့ကြည့်လာသည်။ဂျီမင်းကိုတွေ့မှ...."ကောင်းတာပေါ့ စတော်ဘယ်ရီကိတ်ကငါ့Favလေ"
"အင်းပါ သိပါတယ်။ ဒါနဲ့ငါ့အတွက်ကော
ဘာမှမမှာပေးထားဘူးလား"ဂျီမင်းက စားပွဲခုံပေါ်၌ စတော်ဘယ်ရီကိတ်မှလွဲ၍အခြားမုန့်များမတွေ့၍ထယ်ယောင်းကိုမေးသည်။
"မင်းစားချင်ရင်မင်းဘာသာမှာစားပေါ့"
ထယ်ယောင်းကအငေါ့တူးကာပြောလိုက်တော့
ဂျီမင်းရဲ့မျက်မှောင့်လေးတွေကျုံ့သွားပြီ....."ဟွန့် ရုပ်လေးမှမလိုက်စိတ်ပုတ်လိုက်တာ"
"ကဲ ငါ့ကိုကျိန်ဆဲမနေနဲ့ပတ်ခ်ဂျီမင်း..မင်းအတွက်မှာထားတယ်။လာမချပေးသေးတာ။သေချာမစောင့်ဘဲသူများကိုပြောဆိုဖို့ဘဲသိ"
YOU ARE READING
𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
FanfictionOmegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??