Part-3

2.7K 249 34
                                    


𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

Jeonအိမ်တော်ကြီး၏ဆင်ဝင်အောက်၌
ပတ်ခ်ကလေး၏မိဘနှစ်ပါးနှင့်အတူဂျောင်ဂုစကားပြောနေသည်။ဧည့်ခံပွဲပြီးသွားပြီဖြစ်၍
ပတ်ခ်မိသားစုဝင်များကပြန်သွားကြပြီး ပတ်ခ်ကလေးကို ဂျောင်ဂုတို့၏Jeonအိမ်တော်၌သာထားခဲ့သည်။ ဒီနေ့ညတော့ဂျောင်ဂုနဲ့ပတ်ခ်ကလေးတို့Jeonအိမ်တော်၌သာနေမည်ဖြစ်ပြီး မနက်ဖြန်မှသာနှစ်ယောက်တူတူနေမည့်
အိမ်သစ်သို့ပြောင်းကြမည်ဖြစ်သည်။

"အန်တီတို့ပြန်တော့မယ်သားဂျောင်ဂု....မင်လေးကိုသားရဲ့လက်ထဲအပ်ပါတယ်နော်။ကျေးဇူးပြုပြီးအန်တီတို့အိမ်ရဲ့ရင်နှစ်သည်းချာလေးကိုသေချာစောင့်ရှောက်ပေးပါကွယ်"

"စိတ်ချပါအန်တီနဲ့အန်ကယ် ကျွန်တော်ပတ်ခ်ကလေးကိုသေချာစောင့်ရှောက်ပြီးမြတ်နိုးတန်ဖိုးထားပါ့မယ်။အလိုလဲလိုက်ပါ့မယ်။ကျွန်တော်နဲ့
ပတ်ခ်ကလေးကိုအခုလိုသဘောတူလက်ထပ်ပေးတဲ့အတွက်အန်တီနဲ့အန်ကယ်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်"

‌ဂျောင်ဂုက ခါးကိုငုံ့ကိုင်းပြီးအရိုအသေပေးကာအလေးနက်ထား၍ပြောသည်။

"သားကိုယုံကြည်ပါတယ်။ဒါ‌ပေမဲ့မင်လေးကိုအရမ်းလဲအလိုမလိုက်ပါနဲ့ကွယ်။ဒီကလေးက အလိုလိုက်ရင်ပိုဆိုးမှာ။စိတ်က ကလေးစိတ်။

အခုအဖြစ်ကိုဘဲကြည့်...မနေ့ကမနက်ကသားဂျောင်ဂုနဲ့လက်ထပ်ပေးပါမယ်လို့အန်တီတို့ပြောတော့အသည်းအသန်ငြင်းနေပြီး ညနေရောက်မှ သူမဟုတ်သလိုမျိုး ကိုကိုနဲ့ချက်ချင်းလက်ထပ်ပေးပါတဲ့လေ။တကယ့်ကိုဘယ်လိုဟာလေးမှန်းမသိပါဘူးကွယ်။အန်တီကခဏစောင့်ပါအုံးလို့ပြောတာကိုတောင်မရဘူး။ဒီနေ့မှလက်မထပ်ပေးရင် လုံးဝကိုမယူတော့ဘူးဆိုဘဲ။တကယ့်ခေါင်းကြောမာလေး။တော်သေးတာက သားနဲ့လက်ထပ်ပွဲကအစထဲကလုပ်ဖို့အစီစဉ်ရှိနေတော့ဘာမှသိပ်မခက်ခဲလိုက်တာ"

အန်တီကခပ်ပြုံးပြုံး‌ရယ်ကာ သူတို့အိမ်ရဲ့အကြောတင်းလေးအကြောင်းမှန်သမျှကိုပြောနေ၍ဂျောင်ဂုပါလိုက်ရယ်မိတော့သည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now