𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌"ဒီနေ့ညdramaမကြည့်ဘဲ ဂိမ်းဆော့ရအောင်"ဟူသော ပတ်ခ်ကလေး၏စကားကြောင့် ညစာစားပြီးသည်နှင့်နှစ်ယောက်သား ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်၌ မျက်နှာချင်းဆိုင်ထိုင်ကာဂိမ်းဆော့ဖို့ပြင်ဆင်လိုက်ကြသည်။
"ဘာဂိမ်းဆော့မှာလဲ ကလေး"
"အံစာတုံးလှည့်တမ်းကစားကြမယ်။နံပါတ်အကြီးဆုံးကျတဲ့သူကနိုင်မယ်၊နည်းတဲ့သူကရှူံးမယ်"
"ဒါလေးဘဲလား ရတယ်လေ။တကယ်လို့ရှူံးရင်ဘာလုပ်ရမှာလဲ"
"ဟီးဟီး ဒီမှာလေ။ ရှုံးတဲ့သူက ဒီနှုတ်ခမ်းနီတောင့်လေးနဲ့ တစ်ခါရှုံးတိုင်းအဆိုးခံရမှာ"
လက်ထဲက အနီရောင်နှုတ်ခမ်းနီတောင့်အားထုတ်ပြရင်း ပတ်ခ်ကလေးကပြုံးစိစိလုပ်သည်။
ဒီလောက်ဆိုဂျောင်ဂုသဘောပေါက်လိုက်ပါပြီ။
ပတ်ခ်ကလေးက ကိုယ့်မျက်နှာကိုနှုတ်ခမ်းနီနဲ့လျောက်ဆိုးချင်နေလို့ သက်သက်မဲ့ဒီဂိမ်းကိုကစားတာ။ကလေးဆန်သော ပတ်ခ်ကလေးကြောင့်ကျိတ်ရယ်မိသော်လည်းကလေးလေးက ဆော့ချင်နေတော့သူ့ဘက်က ကစားပေးရတော့မှာပေါ့။ဘာပဲဖြစ်ဖြစ်ဒီဂိမ်းက ကံနဲ့ဆိုင်တာဖြစ်၍ ကိုယ်လည်းနိုင်သွားနိုင်တာဘဲလေ။"အဲ့တာဆို စဆော့ကြစို့ကိုကို"
"Okဗျာ ပတ်ခ်ကလေးအရင်စပါ"
ဂျောင်ဂုစကားဆုံးတော့ ပတ်ခ်ကလေးက အံစာတုံးကိုလက်လေးထဲ၌ဆော့ကစားကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။ထိုအခါအံစာတုံးလေးက တဖြည်းဖြည်းလှိမ့်ရင်း နောက်ဆုံး၌ နံပါတ်၄တွင်ကျသွား၏။ပတ်ခ်ကလေးရဲ့မျက်နှာကသိပ်သဘောကျပုံတော့မပေါ်ဘဲ ကိုယ့်အလှည့်ကိုသာထပ်စောင့်ကြည့်နေလေသည်။
"ကိုကို့အလှည့်"
ဒီတစ်ခါတော့ဂျောင်ဂုကအံစာတုံးကိုကြမ်းပြင်ပေါ်၌ထပ်မံပစ်ချလိုက်လေသည်။အံစာတုံး
လေးကအရှိန်ဖြင့်တရိပ်ရိပ်လှိမ့်လျက်ရှိပြီးဂျီမင်းပါးစပ်ကတော့ ကိုကိုသူ့ထက် နံပါတ်သေးတာကျပါစေလို့ဆုတောင်းနေမိလေသည်။
![](https://img.wattpad.com/cover/374046161-288-k363618.jpg)
YOU ARE READING
𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
FanfictionOmegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??