Part-6

2.5K 240 72
                                    

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌

ကုန်တိုက်ကပြန်ရောက်သည်နှင့် kitchenထဲသို့ကိုကို ကိုယ်တိုင်ဝင်ရောက်ကာ ဂျီမင်းအတွက်ညစာ စတင်ချက်ပြုတ်ပေး၏။ကိုကိုဟင်းချက်တာကသွက်လက်ကာမြန်ဆန်လွန်းသည်။ကြက်သွန်နီများကို ဓားနဲ့လှီးရာမှာလည်းမြန်လွန်း၍ ဘေးကကြည့်နေတဲ့ဂျီမင်းပင်ပါးစပ်အဟောင်းသားဖြစ်ရ၏။ကိုကိုကမိုက်လိုက်တာ။

ကိုကိုထိုသို့ချက်ပြုတ်နေချိန်၌ ဂျီမင်းဘာမှဝိုင်းမကူရဘဲအနောက်ကသာတကောက်ကောက်လိုက်ကြည့်နေရုံပင်။ဘာလို့လဲဆိုတော့ကိုကိုကဂျီမင်းကိုဘာမှမလုပ်ခိုင်း၍။

ကိုကိုကပြောတယ်....

"ပတ်ခ်ကလေးရဲ့လက်လေးတွေကနုနုလေး
တွေ။ရေ‌တွေခဏခဏကိုင်ရင်လက်လေးတွေကြမ်းကုန်မယ်။ကိုကိုတစ်ယောက်လုံးရှိတာဘဲ
ဒါတွေကိုကိုလုပ်မှာပေါ့"  တဲ့။

ကိုကို့အပြောကြောင့် ဂျီမင်းယောကျာ်းရကံကောင်းလိုက်တာဟူ၍ပင် ကိုယ့်ကိုကိုယ်ဂုဏ်ဆာမိသွားသေးသည်။

"အနံ့လေးကမွှေးလိုက်တာ"

မျက်စိရှေ့က အငွေ့တထောင်းထောင်းထနေတဲ့အစားစာများကိုလှမ်းရှူရှိုက်ပြီးဂျီမင်းရေရွတ်လိုက်မိသည်။တစ်စုံတစ်ယောက်က ကိုယ်တစ်ယောက်ထဲအတွက်ရည်ရွယ်ပြီးချက်ထားတဲ့ဟင်းမို့လို့လားမသိ၊အနံ့ကအစ ဂျီမင်းကိုစိတ်ကျေနပ်စေ၏။

"စားကြည့်လေပတ်ခ်ကလေး။စားပြီးရင်ကိုကို့လက်ရာကိုမှတ်ချက်တွေပေးပါအုံး"

ကိုကိုကမျက်နှာချင်းခုံ၌ဝင်ထိုင်ကာပြုံးလျက်ပင် ဂျီမင်းအား တူတစ်စုံလှမ်းပေး၍ပြောလာသည်။
ထိုအခါမှ ကိုကိုပေးတဲ့တူနဲ့ဂျီမင်းကြိုက်တဲ့
တော့ပိုကီကိုတစ်ဖတ်အရင်ယူစားကြည့်လိုက်သည်။

"Wow!!တကယ်စားကောင်းတယ်ကိုကို"

မျက်ဝန်းလေးများပြူးကာနှုတ်ခမ်းလေးကwowပုံစံလုပ်၍ဂျီမင်းပြောလိုက်တော့
ကိုကိုကသွားများပေါ်သည့်အထိကျေနပ်သလိုပြုံးသွားသည်။

𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)Where stories live. Discover now