𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌﹌"ဘယ်တွေလျောက်သွားနေတာလဲယွန်းဂီ မင်းရုတ်တရက်ပျောက်သွားလို့ ငါ့မှာခေါင်းပူနေတာ"
အိမ်ထဲကိုစဝင်လိုက်သည်နှင့် ကြိုရောက်နေပုံပေါ်သောမန်နေဂျာဖြစ်သူမင်ဟိုက ယွန်းဂီဆီအူယား
ဖားယားပြေးလာပြီးအမောတကောမေးခွန်းထုတ်တော့သည်။သို့သော်ယွန်းဂီကတော့ ဘာမှမလုပ်ထားသူပမာ မျက်နှာကတည်ငြိမ်နေပြီး စီးလာသောဖိနပ်အားချွတ်ကာ ဧည့်ခန်းထဲကဆိုဖာခုံပေါ်၌ဒီတိုင်းဝင်မှောက်အိပ်လိုက်သည်။"ယွန်းဂီ ငါပြောတာကြားရဲ့လား"
"အင်း"
ထိုတစ်ခွန်းသာဖြေ၍ ဆိုဖာခုံပေါ်၌ထိုအတိုင်းမှောက်အိပ်နေသောယွန်းဂီတစ်ဖြင့်လည်း အများကသိကြတဲ့ Agust Dကို ကြည့်၍ မင်ဟို သက်ပြင်းတစ်ချက်ချသည်။အခုတစ်လောယွန်းဂီက Entertainment ကချမှတ်ထားသောစည်းကမ်းများကိုလည်း ဂရုမစိုက်ဘဲ သူလုပ်ချင်ရာလုပ်နေတတ်သည်။ဒီနေ့လည်း ရိုက်ကူးရေးတစ်ခုပြီးထဲက ဘယ်ကနေဘယ်လိုပျောက်သွားမှန်းမသိလိုက်၍မင်ဟိုနဲ့တခြားသူများမှာခေါင်းခြောက်မတတ်လိုက်ရှာရသေး၏။နောက်ဆုံးရှာမရတဲ့အဆုံး နေထိုင်ရာကွန်ဒိုခန်း၌လာစောင့်နေမှသာ အခုလိုပြန်တွေ့ရခြင်းဖြစ်သည်။
အခုလဲကြည့်။ မင်ဟိုမှာသာ ခေါင်းခြောက်နေရသော်လည်း သူကတော့အေးအေးချမ်းချမ်းအိပ်နေလေရဲ့။မင်ယွန်းဂီဆိုတာထိုသို့သောသွေးအေးတဲ့လူစားမျိုး။စင်ပေါ်တတ်ချိန်ကလွဲလို့ကျန်တဲ့အချိန်ဆိုအမြဲအေးစက်နေတတ်ကာ အိပ်တာကလွဲလို့အခြားကိစ္စတွေအားစိတ်မဝင်စားသူ၊အေးစက်လွန်းတဲ့ရေခဲတုံးမင်းသား။
မင်ဟိုလည်းဘာဝဋ်ကြွေးတွေရှိလို့သူ့မန်နေဂျာလာဖြစ်နေလဲမသိတော့ပါ။ဒီပုံစံအတိုင်းဆို နောက်၁နှစ်လောက်ဆို မင်ဟို့ခေါင်း၌ဆံပင်ဖြူပေါက်လာတော့မှာသေချာနေလေပြီ။
"နောက်ဆိုအဲ့လိုမပြောမဆိုနဲ့မပျောက်သွားပါနဲ့ယွန်းဂီရယ် ငါရှစ်ကြီးခိုးပါတယ်။မင်းကIdolတစ်ယောက်လေ။အခုလိုလျောက်သွားနေလို့ဘယ်ကောင်းပါ့မလဲ"
YOU ARE READING
𝐁𝐞 𝐘𝐨𝐮𝐫 𝐎𝐰𝐧 𝐌𝐮𝐬𝐞( 𝐊𝐨 𝐊𝐨'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐏𝐚𝐫𝐤ᴶⁱᵐⁱⁿ)
FanfictionOmegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??