Part 2

85 28 20
                                    

( Unicode )

" ဂျီဂျီလေးရေ နိုးပြီလား...."

" ဟုတ်ကဲ့ ကိုကို နိုးပြီ...."

အိပ်‌ရေးဝထားတာကြောင့် ဖောင်းအစ်နေတဲ့မျက်နှာလေးနှင့်ချစ်စဖွယ်လေးပြုံးကာ ထလာတဲ့ ဂျီမင်ရဲ့ ပါးအိအိလေးကို ယွန်းဂီ ဆွဲညှစ်လိုက်မိလေတယ် ။

ဒီနေ့ဆိုရင် ဂျီမင် ဂေဟာကိုရောက်တာ တစ်လရှိနေပြီဖြစ်သလို သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုတွေက ခိုင်မာနေခဲ့ပြီဖြစ်လေတယ် ။

တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်က အရေးပါဆုံးလူတွေဖြစ်လာခဲ့ကြတယ်လေ ။ ဂျီမင်နဲ့ဆိုရင် နူးညံ့ပြီးသဘောကောင်းနေတဲ့ ယွန်းဂီကို ဂေဟာကဆရာမတွေရော ကလေးတွေအားလုံးကပါ အံ့ဩနေကြလေတယ် ။

အခုလည်း အိပ်ရာထပြီဖြစ်တဲ့ ဂျီမင်ကို ဝိုင်းပြီး အိပ်ရာသိမ်းပေးနေတယ်လေ ။ ပြီးတော့ မျက်နှာသစ်ရန်အတွက်လည်းခေါ်သွားပေးသေးတယ် ။

" ဂျီဂျီ ကိုယ့်ဘာသာသစ်တတ်ပါတယ် ကိုကိုရဲ့...."

ယွန်းဂီက ကူကာ မျက်နှာသစ်ပေးတော့ ဂျီမင်ကထိုသို့ပြောလာလေတယ် ။

" ကိုကိုက ဂျီဂျီ့ကိုချစ်လို့ သစ်ပေးတာလေ ဘာလဲ ဂျီဂျီက မကြိုက်ဘူးလား...."

" မဟုတ်ပါဘူး ကိုကိုရဲ့... တော်ကြာ မနက်စာစားဖို့နောက်ကျနေရင် ဆရာမကြီးဆူမှာစိုးလို့ပါ...."

တစ်ခါ‌တလေ ကျရင် ယွန်းဂီထပ်ပင် ပိုပြီး သိတတ်နေသည့် ထိုကောင်လေးကို အသ်က်ရှူကြပ်သည်အထိ ဖက်ထားလိုက်ချင်မိလေတယ် ။

" ဟုတ်ပါပြီ ဒါဆို ကိုကိုနဲ့အတူသစ်ကြမယ်နော်...."

နှစ်ယောက်အတူ မျက်နှာသစ်ပြီးနောက်မှာ ညအိပ်ဝတ်စုံကိုလဲလိုက်ကြလေတယ် ။ ဂျီမင်လဲရန် အဝတ်အစားတွေက အစ ယွန်းဂီက ထုတ်ပေးလေတယ် ။

ယွန်းဂီရဲ့ အစစအရာရာဂရုစိုက်မှုတွေကြောင့် ဂျီမင်ဟာ မိဘတွေကို သတိရချိန်နည်းသွားခဲ့ပြီဖြစ်လေတယ် ။ ယွန်းဂီကလည်း ဂျီမင် သူ့မိဘတွေကို သတိရပြီး ငိုနေတတ်တာကို မကြည့်ရက်တာကြောင့် ဂျီမင် ပျော်အောင်ထားတတ်လေတယ် ။

Forever Love Where stories live. Discover now