Part 14

102 26 12
                                    

{ Unicode }

အချစ်နဲ့နှာချေခြင်းဟာ အောင့်ထားလို့မရဘူးဆိုတဲ့ စကားကို အရင်ကကြားဖူးတုန်းက သူဟာသတစ်ခုလိုပင် ရယ်မောခဲ့ဖူးလေတယ် ။ အခုတော့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါမှာ ချစ်မိတဲ့စိတ်ဟာ ထိန်းချုပ်နိုင်ဖို့ ခက်ခဲမှန်းသိရလေတယ် ။

အနားကိုရောက်သွားမိတိုင်း အထိန်းအချုပ်မရှိခုန်လာတဲ့ ရင်ခုန်သံတွေ ကြားလိုက်ရတိုင်း နားထဲကိုချိုမြစွာစီးဆင်းသွားတဲ့ သူ့ရဲ့ရီသံနဲ့စကားပြောသံလေးတွေ အိပ်မက်ထဲအထိ နှောင့်ယှက်တတ်တဲ့ အပြံးချိုချိုလေးတွေဟာ မေ့ပစ်ဖို့ရန် မလွယ်ကူလှပေ ။

အခုလည်း ညဉ့်နက်နေပြီဖြစ်ပေမယ့် သူ မအိပ်နိုင်သေးပေ ။ တစ်လောကလုံး အိပ်မောကျကာ တိတ်ဆိတ်နေပေမယ့် သူကတော့ ဖွင့်ထုတ်ချင်နေတဲ့ နှလုံးသားထဲက စကားတွေကို ဆေးလိပ်ငွေ့တွေနဲ့အတူ မှုတ်ထုတ်နေမိလေတယ် ။

" အကို မအိပ်သေးဘူးလား...."

ရုတ်တရက်ကြားလိုက်ရတဲ့အသံလေးကြောင့် အတွေးထဲမြောနေတဲ့ သူ အနည်းငယ် လန့်သွားမိသလို ချက်ချင်းပင် လက်ထဲက ဆေးလိပ်ကို ပြာခွက်ထဲထည့်ချေကာ ငြှိမ်းလိုက်မိ‌တယ် ။

" အင်း အိပ်မပျော်သေးလို့.... ကိုယ့်ကိုသာပြောနေတာ မင်ကရော မအိပ်သေးဘူးလား..."

" တရေးနိုး ရေဆာလို့ထလာရင်း အကို့ကိုတွေ့လိုက်လို့ပါ...."

" ဒါဆိုပြန်အိပ်တော့လေ အိပ်ရေးမဝပဲနေမယ်...."

ယွန်းဂီ ထိုသို့ပြောလိုက်ပေမယ့် မင်က နားမထောင်ပဲ ယွန်းဂီအနားကိုရောက်လာလေတယ် ။

" အကို့မှာ စိတ်ညစ်စရာတွေများရှိနေလို့လား...."

" မရှိပါဘူး မင်ရဲ့ ဘာဖြစ်လို့လဲ...."

" အကိုက အိပ်မပျော်ဘူးဆိုလို့လေ.... စိတ်ညစ်စရာတွေများရှိနေမလားလို့ပါ...."

ကြင်နာစွာမေးတဲ့ မင့် အသံတိုးတိုးက သူ့နှလုံးသားကို ဘယ်လောက်တောင် ယိုင်လဲစေသလဲဆိုတာကိုတော့ မင် သိမယ်မထင်ပေ ။

" စိတ်ညစ်စရာတော့မဟုတ်ပေမယ့် ကိုယ့်မှာ အတွေးများနေတာလေးတစ်ခုတော့ရှိနေတယ်...."

Forever Love Hikayelerin yaşadığı yer. Şimdi keşfedin