Part 17

62 19 4
                                    

{ Unicode }

" လူနာက အတိတ်ကို ပြန်သတိရလာပုံပါပဲ..."

ဆရာဝန်ရဲ့စကားကြောင့် ယွန်းဂီ ပျော်ရမလား မပျော်ရဘူးလားဆိုတာ ‌ဝေခွဲမရဖြစ်နေရလေတယ် ။ မင် အတိတ်ကို ပြန်သတိရတာဟာ ဝမ်းသာစရာကိစ္စဖြစ်သော်လည်း သူတို့သားအဖကို သတိမရတော့တာကြောင့် ဝမ်းနည်းမိရတယ်လေ ။

ဒီအတိုင်းသာဆိုရင် မင် က သူ့ရဲ့မိသားစုဆီကိုပြန်သွားတော့မှာဖြစ်ပြီး သူတို့သားအဖကို ထားခဲ့တော့မှာ သေချာလေတယ် ။

မင် မရှိတော့တဲ့ ဘဝဟာ စဉ်းစားကြည့်ရုံနဲ့တင် သူ့အတွက် ခြောက်ခြားစရာကောင်းလှပေတယ် ။ ဒါပေမယ့်လည်း မိသားစုနဲ့ပြန်ဆုံတွေးနိုင်တော့မယ့် မင့်အတွက် သူ့ရဲ့ ဝမ်းနည်းစိတ်တွေကို ဖြေဖျောက်ထားရတော့မယ်လေ ။

ဆရာဝန်နဲ့တွေ့ပြီး အခန်းထဲကို ပြန်လာတော့ မင်က သားနဲ့အတူ စကားလက်ဆုံကျနေတာကို တွေ့လိုက်ရလေတယ် ။

" ဒီနေ့ ကိုကိုရယ် ဂီဝန်ရယ် Appa ရယ် ကစားကွင်းသွားကြတာလေ ကိုကိုမှတ်မိလား...."

" ဟုတ်လား ကိုကို မမှတ်မိဘူး ကလေးရယ်...."

မင်က မမှတ်မိဘူးပြောတော့ သားရဲ့မျက်နှာလေးဟာ ဝမ်းနည်းမှုတွေနဲ့ပြည့်သွားလေတယ် ။

" ကိုကို့ကို နားပါစေဦး သားရဲ့...."

ယွန်းဂီ ကိုတွေ့တော့ သားက ယွန်းဂီဆီပြေးလာလေတယ် ။

" ဆရာဝန်ကြီးက ဘာပြောလဲဟင် Appa...."

" ကိုကိုက အတိတ်ကိုပြန်သတိရသွားတာတဲ့ သားရဲ့...."

" ဒါဆို ဂီဝန်တို့ကို ကိုကိုက မေ့သွားပြီပေါ့နော်...."

ဝမ်းနည်းစွာမေးတဲ့ သားကိုပြန်နှစ်သိမ့်ပေးဖို့အားအင်တောင် သူ့မှာမရှိတော့တာကြောင့် ယွန်းဂီ သားရဲ့ ဆံပင်လေးတွေကိုသာ လက်နဲ့ဖွလိုက်ပြီး မင့်ရဲ့အနားကိုသွားလိုက်မိတယ် ။

" မင်.. မှားလို့နော် ညီလေး နေရတာအဆင်ပြေရဲ့လား...."

" ဟုတ်ကဲ့ ပြေပါတယ် အကို... အကို့သားလေးပြောပြလို့ အကို ကျွန်တော်အတိတ်မေ့နေတုန်း စောင့်ရှောက်ထားတာကို သိရပါတယ်... ကျေးဇူးအများကြီးတင်ပါတယ်နော် အကို...."

Forever Love Where stories live. Discover now