Part 12

76 18 14
                                    

{ Unicode }

ဘာလိုလိုနှင့် သူတို့သားအဖရဲ့ဘဝထဲကို မင်မင် ရောက်လာတာ တစ်လနီးပါးကြာနေပြီဖြစ်လေတယ် ။ ဒါကြောင့် သူတို့ မိသားစုဝင်တစ်ပိုင်းတောင်ဖြစ်နေခဲ့ပြီဖြစ်သလို သူတို့သားအဖနှစ်ယောက်လုံးကလည်း သံယောဇဉ်တွယ်နေကြပြီဖြစ်လေတယ် ။

" ကိုကိုရေ... ဂီဝန် ပူတင်းစားချင်တယ်...."

" လုပ်ပေးမှာပေါ့ ဂီဝန်လေးရဲ့...."

" ဂီဝန်လည်း အတူတူကူလုပ်မယ်လေ..."

" ဒါဆို သွားကြမယ်လာ..."

အခုလည်း နှစ်ယောက်အတူထိုင်ကာ ကာတွန်းကြည့်နေရာကနေ သားက ပူတင်းစားချင်တယ်ပူဆာတော့ ချက်ချင်းပင်ထလုပ်ပေးရှာလေတယ် ။ မင်မင်ရောက်ပြီးကတည်းက သားက ယွန်းဂီကိုကပ်တဲ့အချိန်တောင် နည်းသွားခဲ့တယ်လေ ။

အရင်ကဆို ဒီလိုပိတ်ရက်မှာ ယွန်းဂီ ဘာအလုပ်မှမလုပ်ပဲ သားနဲ့အတူ ဆော့ကစားရင်းသာ အချိန်ကုန်ခဲ့ရတယ် ။ အခုတော့ သားက သူ့ထပ်ပိုပြီး မင်မင်နဲ့အတူ ဆော့ကစားချင်နေတာကြောင့် ယွန်းဂီက သူတို့အနားမှာထိုင်ရင်း အလုပ်လုပ်နေခဲ့ရတယ် ။

အခုလည်း နှစ်ယောက်အတူ ပူတင်းလုပ်ရန်ထွက်သွားကြတာကြောင့် ယွန်းဂီ အနောက်နေ လိုက်ကြည့်မိလေတယ် ။

" ဂီဝန် ဒီကြက်ဥတွေ ခေါက်ပေးမယ်နော် ကိုကို...."

" ဂီဝန်လေးက လုပ်တတ်လို့လား...."

" လုပ်တတ်တာပေါ့ ကိုကိုရဲ့ ပေး ဂီဝန်လုပ်မယ်..."

သားက ချက်ချင်းပင် ကြက်ဥတွေဖောက်ထည့်ထားတဲ့ဇလုံကို မင်မင်ဆီက လှမ်းယူပြီးနောက် ခက်ရင်းနဲ့ခေါက်ပေးနေလေတယ် ။ မင်မင်ကတော့ ဂီဝန် ဖိတ်မှာစိုးတာကြောင့် ဘေးကနေကြည့်ပြီး ဇလုံကိုကိုင်ထားပေးလေတယ် ။

ရက်တွေကြာလာသည်နှင့်အမျှ မင်မင်ဟာ စိတ်ထားကောင်းတဲ့ ကောင်လေးတစ်ယောက်ဆိုတာကို ယွန်းဂီသိလာရလေတယ် ။ အရင်က ဘယ်လောက်တောင် အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ခဲ့ရသည်မသိ မင်မင်ကို စတွေ့တုန်းက အသားတွေညိုပြီး ခပ်ပိန်ပိန်လေးဖြစ်လေတယ် ။

အခုတော့ ယွန်းဂီတို့အိမ်ကိုရောက်ပြီး တစ်လအကြာမှာပဲ အသားဖြူလာသလို ပြည့်ပြည့် ဖြိုးဖြိုးလေးလည်းဖြစ်လာတာကြောင့် ပိုလို့ချစ်စရာကောင်းလာလေတယ် ။

Forever Love Where stories live. Discover now