Part 13

69 20 14
                                    

{ Unicode }

" Appa...."

" အကို ကျွန်တော့ကို အိတ်ပေး...."

အိမ်ပြန်ရောက်သည်နှင့် အိမ်ဝမှာဆီးကြိုနေကြသည့် သားနှင့် မင့်ကိုတွေ့ပြီး ယွန်းဂီ တစ်နေ့တာလုံး ပင်ပန်းထားသမျှတွေပျောက်သွားရသလိုပင် ။

" ဒီနေ့ ပျော်လား သားလေး... ကိုကိုမင်က ဘာတွေလုပ်ကျွေးလဲ..."

" ပျော်တယ် Appa... ကိုကိုက စတော်ဘယ်ရီ ဖျော်ရည် ဖျော်တိုက်တယ်...."

" ဟုတ်လား...."

မင်မင်က ယွန်းဂီရဲ့အိတ်ကိုကိုင်ထားရင်းနဲ့ ယွန်းဂီတို့သားအဖကိုပြုံးကာ ကြည့်နေလေတယ် ။

" ကဲ Appa ရေချိုးလိုက်ဦးမယ်နော်.... သားနဲ့ကိုကိုက ညစာစားဖို့ပြင်ထားပေးပါဦး..."

" ဟုတ် အကို... လာ ဂီဝန်လေး..."

မင်မင်က သားကိုခေါ်ပြီး ထမင်းစားခန်းထဲဝင်သွားတာကြောင့် ယွန်းဂီ လည်း အခန်းဆီသို့သွားလိုက်လေတယ် ။ ရေချိုး အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့ မွှေးပျံ့တဲ့ ဟင်းအနံ့တွေကကြိုဆိုနေလေတယ် ။

" ဟင်းအနံ့လေးကမွှေးနေတာပဲ..."

" အရသာတွေလည်း မြည်းကြည့်ပါဦး အကို...."

ထမင်းစားပွဲမှာ ဝင်ထိုင်ရင်း ချီးကျုးလိုက်တော့ မင်က အပြုံးလေးနှင့် သူ့ပန်းကန်ထဲဟင်းတွေထည့်ပေးလေတယ် ။

" အင်း ကောင်းလိုက်တာ အခုမှပဲ ဟင်း စစ်စစ်စားရတော့တယ်... အရင်ကဆို ကိုယ်က ဖြစ်သလိုချက်ပြီး ဘာအရသာဖြစ်လို့ဖြစ်နေမှန်းတောင် မသိဘူး...."

" စိတ်မပူပါနဲ့ အကိုရဲ့... ဒီမှာရှိနေသရွေ့တော့ ကျွန်တော်က ဟင်းတွေနေ့တိုင်းချက်ကျွေးမှာပါ...."

ဘာရယ်မဟုတ်ပဲ မင် ပြောလိုက်တဲ့စကားက ယွန်းဂီ ရဲ့စားလက်စ ထမင်းကိုတောင် ရပ်တန့်သွားစေခဲ့တယ် ။ တစ်နေ့တော့ သူတို့သားအဖရဲ့ဘဝထဲကနေ မင် ထွက်သွားမယ်ဆိုတာ ကြိုသိနေပေမယ့်လည်း ယွန်းဂီ မခံစားနိုင်သေးပေ ။

ယွန်းဂီ ရုတ်တရက်ကြီး ဘာစကားမှပြန်မပြောပဲ ငြိမ်သွားတာတွေ့တော့မှ မင် လည်း သူပြောတဲ့စကားကို သူပြန်စဉ်းစားမိသွားလေတယ် ။

Forever Love Where stories live. Discover now