{ Unicode }
" သားရေ အိပ်ရာထတော့လေ ကျောင်းသွားရမယ်..."
ယွန်းဂီ မနက်စာပြင်ပြီးသည်အထိ စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သားကို တင်ပါးလေးကိုအသာရိုက်ရင်း နှိုးလိုက်လေတယ်။
" သား ဒီနေ့ ကျောင်းမသွားချင်ဘူး..."
" ဘာလို့လဲ သားလေးရဲ့..."
" Appa နဲ့အတူပဲနေချင်တယ်..."
ယွန်းဂီရဲ့လည်ပင်းကိုသိုင်းဖက်ပြီး ချွဲနေတဲ့ သားရဲ့ကိုယ်လေးကိုဖက်ပြီး ယွန်းဂီပြုံးလိုက်မိလေတယ် ။ သားက တစ်ခါတလေကျရင် ထိုသို့ သူ့ကိုချွဲတတ်တယ်လေ။
" Appa နဲ့ ကုမ္ပဏီလိုက်ရင် သားပျင်းနေမှာပေါ့..."
" ဒါဆို Appa လည်း ကုမ္ပဏီမသွားနဲ့ သားလည်း ကျောင်းမသွားပဲနေမယ်လေ..."
မျက်လုံးအဝိုင်းသားလေးနဲ့ပြောလာတဲ့ သားကို ယွန်းဂီအူယားစွာနဲ့ နှာခေါင်းကိုအသာလေးညှစ်လိုက်လေတယ် ။
" Appa ကကုမ္ပဏီမသွားလို့ အလုပ်မလုပ်ရင် သားအတွက် အရုပ်တွေဘယ်ဝယ်ပေးနိုင်ပါ့မလဲ သားရဲ့..."
" အင်း... ဒါဆို သား ကျောင်းသွားရင် Appa က စက်ရုပ်ဝယ်ပေးမှာလား..."
" ဝယ်ပေးမှာပေါ့ သားလေးရဲ့... သားလေးလိုချင်တာအားလုံးဝယ်ပေးမှာ အဲ့ဒါကြောင့် သားက ကျောင်းသွားပြီး Appa ကအလုပ်သွားမယ်နော် ဟုတ်ပြီလား..."
" ဟုတ်ကဲ့ Appa..."
သူလိုချင်တာရမယ်ဆိုတော့ ချက်ချင်းပင် အိပ်ရာကထပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲပြေးဝင်သွားတဲ့ သားကိုကြည့်ကာ ယွန်းဂီ ပြုံးမိလေတော့တယ် ။
သူ့ရဲ့အပြုံးတွေ ပျော်စရာတွေအားလုံးဟာ သားကြောင့်ပင်ဖြစ်လေတယ်။ ဒါကြောင့် သား မရှိတဲ့ဘဝကို သူနည်းနည်းလေးတောင် မတွေးနိုင်ခဲ့ပေ ။
သားကိုရေချိုး အဝတ်အစားလဲပေးပြီးနောက်မှာတော့ မနက်စာအရင်စားခိုင်းထားနှင့်ပြီး သူလည်း အလုပ်သွားရန်ပြင်ဆင်ရတော့လေတယ် ။
နှစ်ယောက်အတူ မနက်စာစားပြီးနောက်မှာတော့ ထုံးစံအတိုင်းပင် အိမ်ကနေအတူထွက်လာခဲ့ကြလေတယ် ။ သူတို့သားအဖနှစ်ယောက်ရဲ့နေ့ရက်တိုင်းဟာ ဘာမှပြောင်းလဲမှုမရှိပဲ ဒီအတိုင်းသာဖြစ်နေလေတယ် ။
YOU ARE READING
Forever Love