Part 3

99 30 15
                                    

{ Unicode }

" ဂျီဂျီလေးက ကျောင်းဝတ်စုံနံ့အရမ်းချစ်စရာကောင်းတာပဲ..."

လက်မထောင်ပြရင်းပြောတဲ့ ယွန်းဂီရဲ့ချီးကျူးစကားကြောင့် ဂျီမင် သဘောကျစွာပြုံးလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်မိလေတယ် ။

" ကိုကိုလည်း ကျောင်းဝတ်စုံနဲ့အရမ်းချောတယ်...."

သူ့ကိုပြန်ကာ ချီးကျူးနေတဲ့ ဂျီမင်ရဲ့ ပါးအိအိလေးကို ယွန်းဂီ အသာညှစ်လိုက်မိ‌တယ် ။ ဒီနေ့ကျောင်းစဖွင့်ပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်အတူတူ ကျောင်းသွားရန်ပြင်ဆင်နေကြခြင်းဖြစ်လေတယ် ။

ယွန်းဂီက အလယ်တန်းကျောင်းသား ဖြစိနေပြီဖြစ်ပေမယ့် ဂျီမင်ကတော့ အခုမှကျောင်းစတက်မှာပဲ ဖြစ်လေတယ် ။ ဒါကြောင့် ကျောင်းမတက်ခင် တစ်ပတ်လောက်အလိုကတည်းက စိတ်လှုပ်ရှားပြီး တက်ကြွနေခဲ့လေတယ် ။

အဝတ်အစားလဲပြီးနောက်မှာတော့ သူတို့ ဂေဟာအရှေ့ မြက်ခင်းပြင်ဆီသို့ထွက်လာခဲ့လိုက်တယ် ။ ထိုနေရာမှာ သူတို့နဲ့အတူကျောင်းသွားမယ့် တခြားသူတွေလည်းရောက်နေကြပြီဖြစ်လေတယ် ။

သူတို့သွားတက်မယ့်ကျောင်းက ဂေဟာနှင့် အနည်းငယ်သာလှမ်းတာကြောင့် ဂေဟာက ဆရာမ ၃ ယောက်ကကြီးကြပ်ပြီး လိုက်ပို့ပေးမှာဖြစ်လေတယ် ။ ဒါကြောင့် သူတို့အားလုံး အခုလိုစုစည်းနေကြခြင်းပင် ။

" ကဲ နှစ်ယောက် တစ်တန်းစီ တန်းစီပြီးတော့ ဆရာမတို့သွားကြမယ်နော်...."

ဆရာမစကားဆုံးသည်နှင့် ဂျီမင်က ယွန်းဂီရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးတော့ ယွန်းဂီကိုမော့ကြည့်ကာ ပြုံးပြလေတယ် ။

" ကိုကိုနဲ့ဂျီဂျီ အတူသွားမယ်နော်...."

" ဂျီမင်လေးက သားနဲ့ရွယ်တူ မင်ဂျီလေးနဲ့တွဲပါလား...."

" ဟင့်အင်း ဂျီဂျီ ကိုကိုနဲ့ပဲတွဲချင်တယ် ဆရာမ...."

ယွန်းဂီရဲ့လက်မောင်းကိုပါဖက်ရင်း နှုတ်ခမ်းလေးဆူကာပြောလာသည့် ဂျီမင်ကို ကျောင်းသွားခါနီး စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးသည်က တစ်ကြောင်း နှစ်ယောက်သား သံလိုက်လို ပူးကပ်နေကြတယ်ဆိုတာကိုသိနေတာကြောင့် ဘာမှထပ်မပြောတော့ပေ ။

Forever Love Where stories live. Discover now