{ Unicode }
' ငြိမ်းချမ်းရာ မိဘမဲ့ဂေဟာ '
ဆိုင်းဘုတ်ကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ကျလက်စမျက်ရည်ကိုသုတ်ပြီး နှာခေါင်းကို ရှုံ့လိုက်မိလေတယ် ။
" လာ ကလေး...."
သူ့ကိုလက်ကမ်းကာ ကြိုနေတဲ့ ဖြူဖြူဝဝ အဒေါ်ကြီးရဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးက သူ့ရင်ထဲက ဝမ်းနည်းမှုတွေကို မပြေပျောက်စေနိုင်ခဲ့ပေမယ့်လည်း ဂျီမင် ထိုအဒေါ်ကြီးကို လက်ကမ်းပေးလိုက်မိလေတယ် ။
" ဒီနေ့ကစပြီး သားက ဒီမှာနေရမှာနော် ဆရာမကြီးကို ဆရာမကြီး ကင်မ်လို့ခေါ်ရမယ် ဟုတ်ပြီလား...."
ချိုသာတဲ့စကားသံရဲ့အဆုံးမှာ ဂျီမင် ဖြေးညှင်းစွာ ခေါင်းကိုငြှိမ့်ပြလိုက်မိတယ် ။ အသက် 5 နှစ်သာရှိသေးသော်လည်း သူ့အတွက် တခြားရွေးချယ်စရာမရှိဘူးဆိုတာ ဂျီမင် နားလည်နေတယ်လေ ။
" ကလေးရဲ့မိဘတွေက ဆုံးပါးသွားတာကြာပြီလား..."
" ဟုတ်ကဲ့ အက်စီးဒင့်ဖြစ်ပြီးဆုံးသွားကြတာ တစ်လနီးပါးကြာနေပါပြီ... ကျွန်မတို့လည်း ဒီအတောအတွင်း သူ့မှာဆွေမျိုးတွေများရှိသလားလိုက်စုံစမ်းပေမယ့် မတွေ့လို့ လာပို့ရတာပါ...."
ဂျီမင်ကိုခေါ်လာတဲ့ အဒေါ်ကြီးက ဆရာမကြီး ကင်မ်ကိုရှင်းပြနေတဲ့ အကြောင်းအရင်းတွေ နားထောင်ရင်း ဂျီမင် မျက်ရည်ဝဲလာရလေတယ် ။
" သားလေး ဟိုမှာ သားနဲ့ရွယ်တူကလေးလေးတွေရှိတယ်လေ သွားဆော့ပါလား... ဒီမှာ သားအတွက် မုန့်လေး... ဆရာမကြီးတို့စကားကိုနားထောင်ပြီး လိမ်လိမ်မာမာနေနော်...."
ဂျီမင်ကိုလာပို့တဲ့အဒေါ်ကြီးက သူမအိတ်ထဲကနေ မုန့်တစ်ထုပ်ကိုထုတ်ကာ ဂျီမင်လက်ထဲကိုထည့်ပေးရင်းနဲ့ သူမ ကိုယ်တိုင်လည်းမျက်ရည်ဝဲနေမိတယ် ။
ဂျီမင်တို့မိသားစုနဲ့သူမနဲ့က အိမ်နီးနားချင်းတွေဖြစ်ခဲ့ကြတာလေ ။ ဂျီမင် မိဘတွေဆုံးပါးမယ့်နေ့ကလည်း နှစ်ယောက်အတူတူ အလုပ်ပြန်နောက်ကျမှာဖြစ်တာကြောင့် ဂျီမင်လေးကို စောင့်ရှောက်ပေးရန်အပ်ထားခဲ့ကြတယ်လေ ။
YOU ARE READING
Forever Love