Part 7

72 20 28
                                    

( Unicode )

" ညီမလေး ဒါက ကိုကို့သူငယ်ချင်း မင်ယွန်းဂီတဲ့ ဒီနေ့ကစပြီး ညီမလေးကိုစာသင်ပေးမှာ...."

ယောင်းမင် မိတ်ဆက်ပေးလိုက်တော့ သူ့ညီမလေးက ရုပ်တည်လေးနှင့်ယွန်းဂီကိုကြည့်လာလေတယ် ။

" ဒီနေ့ကစပြီး အကိုနဲ့အတူ စာသင်ကြမယ်နော်... မသိတာတွေရှိရင် နားမလည်တာရှိရင် အားမနာပဲမေးလို့ရတယ်နော် ညီမလေး...."

ယွန်းဂီဘက်က အချိုသာဆုံးပြုံးပြီးပြောသည်ကိုတောင် ယောင်းမင်ရဲ့ညီမက သူ့အကိုနောက်မှာကိုယ်တစ်စောင်းကွယ်ကာနေ နေလေတယ် ။

" ဝန်ယောင်း အကိုယွန်းဂီရဲ့စကားကိုနားထောင်နော်.... လာ ယွန်းဂီ မင်းတို့လွတ်လွတ်လပ်လပ်စာသင်လို့ရအောင် ငါ အခန်းပြင်ထားပေးတယ်...."

ယောင်းမင်က သူ့ညီမကိုလက်ဆွဲပြီး အရှေ့ကထွက်သွားတာကြောင့် ယွန်းဂီလာ်း အနောက်ကလိုက်ခဲ့ရတော့လေတယ် ။

ယောင်းမင်က ချမ်းသာမှန်း သိနေသော်လည်း အခုအိမ်ကိုမြင်ပြီးနောက်မှာတော့ ယွန်းဂီ အံ့ဩမင်သက်ရလေတယ် ။ ယောင်းမင်ရဲ့အိမ်က ရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့သလို နန်းတော်အလား ခမ်းနားလှပတဲ့ အိမ်ဖြစ်နေတယ်လေ ။

ဒီလောက်ချမ်းသာတာတောင် သာမာန်လိုအေးအေးဆေးဆေးနေနိုင်တဲ့ ယောင်းမင်ကို ယွန်းဂီ ချီးကျူးမိလေတယ် ။

" ဒီမှာ ငါ စာသင်ဖို့အခန်းပြင်ပေးထားတာ အဆင်ပြေရဲ့လား...."

ယောင်းမင်ပြင်ပေးထားတဲ့ စာသင်ဖို့အခန်းဆိုတာ ယွန်းဂီနေတဲ့ အဆောင်ခန်းရဲ့ ၃ ဆလောက်ပိုကျယ်ဝန်းနေတယ်လေ ။

" ပြေပါတယ်ကွာ...ကဲ ညီမလေး အကိုတို့ စာစသင်ကြတာပေါ့... ဘယ်ဘာသာတွေအားနည်းလဲ မေးချင်တာရှိရင် အားမနာပဲမေးနော်...."

" သွားလေ ညီမလေး စာသေချာလုပ်..."

အခုအချိန်အထိ အကိုလက်ကို အတင်းဆွဲထားဆဲဖြစ်တဲ့ ဝန်ယောင်းကို ယောင်းမင်က စားပွဲအနားထိဆွဲခေါ်ပြီးထိုင်စေလေတယ် ။

" မင်းတို့အေးဆေးသင်ရအောင် ငါအပြင်မှာထွက်နေလိုက်မယ်.... ပြီးရင် အဒေါ်ကြီးကိုမုန့်ပို့ခိုင်းလိုက်မယ်နော်...."

Forever Love Where stories live. Discover now