{ Unicode }
" ဂျီမင်လေးကြိုက်တဲ့ ထမင်းလိပ် ကိုကို ဝယ်ထားတယ် စားလိုက်ဦးနော်...."
သူ အိပ်ရာက နိုးနိုးချင်းမှာပဲ စားရအောင်ဆိုပြီး အပြေးအလွှား သွားဝယ်လာတဲ့ ထမင်းလိပ်ကို ခွံ့ကျွေးဖို့အထိပြင်နေပေမယ့်လည်း ဂျီမင် ခေါင်းကိုတစ်ဘက်သို့စောင်းလိုက်မိလေတယ် ။
" ရတယ် ကိုယ့်ဘာသာ စားမယ်...."
သူ ထိုသို့ပြောလိုက်တော့ ကိုကို့မျက်နှာညှိုးသွားတာကို မျက်ဝန်းထောင့်ကနေ မြင်လိုက်ရပေမယ့်လည်း ဂျီမင် စိတ်တွေမပျော့သွားအောင် သတိထားနေရလေတယ် ။ အခုအချိန်အထိ သူ ထမင်းလိပ်ကြိုက်တာကို သတိတရရှိပေးသည့်အတွက် ကျေနပ်မိသော်လည်း စိတ်ဆိုးပြေသည်အထိတော့မဟုတ်သေးပေ ။
အခုအထိ သူ့ရင်ထဲမှာ ကိုကိုနဲ့ပတ်သတ်တဲ့ စိတ်ဆိုးမှုတွေ နာကျည်းမှုတွေရှိနေတုန်းပင်ဖြစ်လေတယ် ။ ဒီအသက်အရွယ်ရောက်သည်အထိ ထိုနာကျည်းမှုက အိပ်မက်ဆိုးအဖြစ် သူ့နောက်လိုက်ပါနေတုန်းပင်ဖြစ်တာကြောင့် ကိုကို့ကို လွယ်လွယ်နဲ့ စိတ်ဆိုးပြေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နြိင်သော်အရာပင်ဖြစ်တယ် ။
" အင်း ဒါဆို စားလိုက်ဦးနော် ကိုကို ဂီဝန်ကိုသွားကြိုလိုက်ဦးမယ်...."
သူ့ဆီက ဘာအကြောင်းပြန်ချက်မှမရတော့ ကိုကို့ရဲ့သက်ပြင်းချလိုက်သံကို ဂျီမင် ကြားလိုက်ရလေတယ် ။ ထို့နောက်မှာတော့ ကိုကို ထွက်သွားသည့် အခန်းတံခါးပိတ်သံကြားရတော့မှပဲ သူ သက်ပြင်းချရင်း ကိုကိုဝယ်လာပေးတဲ့ ထမင်းလိပ်ကိုစားလိုက်လေတယ် ။
ထိုနေ့က ကိုကို သူ့ဆီမလာခဲ့တဲ့အချိန်မှာ ငိုနေခဲ့ရတာကို ပြန်တွေးကြည့်မိရင် အခုထိ ဝမ်းနည်းစိတ်တို့ဖြစ်ပေါ်လာရတုန်းပင် ။ သူငိုရှိုက်ရင်းနဲ့ ပင်ပန်းစွာ အိပ်မောကျသွားပြီးနောက် တစ်ရေးနိုးချိန်မှာ ကိုကို့ဆီလိုက်သွားမယ်ဆိုပြီး ဂေဟာကနေ သူထွက်လာခဲ့တယ်လေ ။
စထွက်လာတုန်းကတော့ သတ္တိတွေရှိနေပေမယ့် တကယ်တမ်းကျတော့ ဘယ်ကိုသွားရမှန်းမသိတော့ပဲ ကြောက်လန့်တကြားနဲ့ ငိုကာ လမ်းဘေးမှာပဲအိပ်ပျော်သွားခဲ့ရတယ် ။
YOU ARE READING
Forever Love