{ Unicode }
မနေ့ညက ညဉ့်နက်မှ အဆောင်ပြန်ရောက်တာကြောင့် ဂျီမင်ဆီဖုန်းမဆက်လိုက်ရသလို ဒီမနက်လည်း မနက်စောစောအတန်းရှိတာကြောင့် ဖုန်းမဆက်ဖြစ်ခဲ့ပြန်ပေ ။
သူ မလာလို့ ဂျီမင်လေးငိုနေမလားလို့ တွေးမိတော့ ရင်ထဲမှာ နာကျင်သွားရလေတယ် ။ သူ လာမယ်လို့ ပြောတုန်းက ပျော်ရွှင်နေခဲ့တဲ့ ဂျီမင်ရဲ့အသံလေးတွေကိုပြန်ကြားယောင်မိတော့ စိတ်မကောင်းဖြစ်ရလေတယ် ။
သူ့ကို ဂျီမင်လေး တော်တော် စိတ်ဆိုးသွားမယ်ဆိုတာ သေချာလေတယ် ။ ဒါကြောင့် ဖုန်းဆက်ကာအကျိုးအကြောင်းရှင်းပြပြီး နောက်တစ်ပတ်မှာတော့ သေချာပေါက်သွားရန် ယွန်းဂီ စိတ်ကူးထားလိုက်လေတယ် ။
ကျောင်းကအပြန်မှာတော့ ဝန်ယောင်းရဲ့အခြေအနေသိရရန်အတွက် ယွန်းဂီ ဆေးရုံကိုသွားလိုက်လေတယ် ။
" ယွန်းဂီ ဘာလို့တကူးတကလာတာလဲ..."
" ဝန်ယောင်းရဲ့အခြေအနေသိချင်လို့လေ...ဘယ်လိုနေသေးလဲ..."
ယွန်းဂီ ရောက်တဲ့အချိန်မှာ ဝန်ယောင်းက အိပ်ပျော်နေပြီး ယောင်းမင်ကတော့ ကုတင်ဘေးကခုံမှာထိုင်နေတယ်လေ ။
" သက်သာလာပါပြီ ခုနကမှပြန်အိပ်ပျော်သွားတာ..."
" ဟုတ်လား ဒါဆို တော်သေးတာပေါ့... ငါကစိတ်ပူနေတာ..."
" လာပေးလို့ကျေးဇူးပါကွာ ဒါနဲ့ မင်း ဂျီမင်ဆီကိုရော ဖုန်းဆက်ပြီးပြီလား..."
" ဟင့်အင်း မဆက်ရသေးဘူး အခုအပြန်ကျရင်ဆက်လိုက်ပါမယ်... ဒါဆို ငါသွားတော့မယ်နော်...."
ယွန်းဂီ ပြန်မည်ဆိုတော့ ယောင်းမင်က ဆေးရုံအပြင်အထိလိုက်ပို့ပေးလေတယ် ။
" ပျက်တဲ့အတန်းကစာတွေလည်း ငါကုးထားပေးမယ်..."
" ရပါတယ်ကွာ... မင်းအခုလို ဂရုတစိုက်ရှိရုံနဲ့တင် ကျေးဇူးတင်နေရပါပြီ..."
ထို့နောက် ယောင်းမင်ကိုနှုတ်ဆက်ပြီး ယွန်းဂီ ပြန်လာခဲ့လိုက်လေတယ် ။ အဆောင်ကိုရောက်သည်နှင့်ချက်ချင်း နားတောင်မနားနိုင်ပဲ ဂေဟာကိုဖုန်းဆက်လိုက်မိလေတယ် ။
YOU ARE READING
Forever Love