{ Unicode }
" အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ..."
ဈေးဝယ်သူထွက်သွားသည့်နောက်မှာတော့ ယွန်းဂီ ခနအမောဖြေပြီး ညောင်းညာနေတဲ့ခြေထောက်ကို လက်သီးဆုပ်နဲ့ထုလိုက်မိလေတယ် ။
ထို့နောက် လက်ကနာရီကိုကြည့်လိုက်မိတော့ သူ့အလုပ်ချိန်ပြီးရန် မိနစ်အနည်းငယ်လောက်သာလိုတော့တာကိုတွေ့လိုက်ရလေတယ် ။
ဆာနေပြီဖြစ်တဲ့ဗိုက်ကိုဖြည့်တင်းရန်အတွက်တော့ မနက်ဖြန် ဒိတ်ကုန်တော့မှာဖြစ်တဲ့မုန့်တစ်ထုပ်နဲ့နို့ဘူးတစ်ဘူးကိုယူလိုက်လေတယ် ။ သူ့အတွက် ဒီနို့ဘူးနဲ့မုန့်ဟာ ညစာဖြစ်လေတော့တယ် ။
" ယွန်းဂီရေ အကိုနောက်ကျသွားတယ်ကွာ...."
ထိုအချိန်မှာပဲ သူနဲ့အချိန်ခြင်းလဲမည့် အကိုက အမောတကောနဲ့ရောက်လာလေတယ် ။
" ရပါတယ် အကို... ဒါဆို ကျွန်တော်ပြန်တော့မယ်နော်...."
" အေး အေး ညီလေး...."
ယွန်းဂီသူ့ရဲ့ကျောပိုးအိတ်ကိုယူပြီးနောက် ဆိုင်ကနေထွက်လာခဲ့တော့ အပြင်မှာမှောင်ရီသန်းနေပြီဖြစ်လေတယ် ။ အနည်းငယ်လည်းအေးလာပြီဖြသ်တာကြောင့် အနွေးထည်အိပ်တဲ့လက်နှစ်ဖက်ကိုထည့်ပြီးနောက် ကားဂိတ်ရှိရာသို့ခပ်သွာက်သွက်လျှောက်လာခဲ့လိုက်တယ် ။
ကံကောင်းချင်တော့ သူရောက်သည်နှင့် ကားကရပ်လာတာကြောင့် ယွန်းဂီ အမြန်တက်လိုက်လေတယ် ။ တစ်နေ့လုံးပင်ပန်းထားတာကြောင့် ကားစီးရင်း ငိုက်မြည်းချင်စိတ်ပေါက်လာသည်ကို မနည်းအားတင်းထားရလေတယ် ။
အခန်းကိုပြန်ရောက်တော့မှပဲ အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်အနားယူရလေတော့တယ် ။ သို့ပေမယ့်လည်း အိပ်ဖို့မဖြစ်နိုင်သေးတာကြောင့် အိပ်ရာပေါ်က ကြိုးစားထကာ စိတ်တွေလန်းသွားအောင် ရေချိုးပြီးနောက် စာကျက်ရလေတော့တယ် ။
အလုပ်တွေဘယ်လောက်ပင်ပန်းပန်း စာကျက်သည့်အချိန်ကိုတော့ ယွန်းဂီ မပျက်မခံပေ ။ နေ့တိုင်းလည်း ညနက်သည်အထိ စာကြည့်ဖြစ်ခဲ့တယ် ။
ပင်ပန်းတယ်လို့ စိတ်ကထင်လာရင် စားပွဲပေါ်မှာတင်ထားသည့် ဓာတ်ပုံလေးကိုကြည့်ပြီးနောက် အားတွေရှိလာရလေတယ် ။ ဓာတ်ပုံထဲမှာ မျက်လုံးတွေမှိတ်သည်အထိ ဂျီမင်က ချစ်စရာကောင်းအောင် ပြုံးပြနေလေတယ် ။
YOU ARE READING
Forever Love