Part 4

68 22 22
                                    

{ Unicode }

" ရော့ ဂျီဂျီယူထားလိုက်...."

" ဟင် အဲ့ဒါ ကိုကို့မုန့်လေ...."

" ကိုကို မကြိုက်လို့လေ ဂျီဂျီလေးစားလိုက်...."

ယွန်းဂီရဲ့စကားကြောင့် ဂျီမင်က ချစ်စဖွယ်ပြုံးပြပြီး ယွန်းဂီပေးတဲ့ မုန့်ကို ယူလိုက်လေတယ် ။ တကယ်တော့ ယွန်းဂီ ထိုမုန့်ကိုမကြိုက်တာမဟုတ်ပဲ ဂျီမင်အတွက် သက်သက်သိမ်းထားချင်းပင်ဖြစ်လေတယ် ။

ဆရာမကြီးက ထမင်းစားပြီးချိန်တိုင်း သူတို့အတွက် မုန့်တစ်ယောက်တစ်ထုပ်ပါ အချိုပွဲအဖြစ်ပေးလေ့ရှိတယ်လေ ဒါကို ယွန်းဂီ မစားပဲ ဂျီမင်ကိုသာ အမြဲပေးတတ်လေတယ် ။

" ကိုကို ဂျီဂျီ့ကိုချစ်လားဟင်...."

အသက် ၈ နှစ်ကျော်ပြီဖြစ်သော်လည်း အခုထိ ပါးဖောင်းလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ဂျီမင်ရဲ့ ပါးလေးကို ယွန်းဂီ ဆွဲညှစ်လိုက်မိလေတယ် ။

" မေးစရာလိုသေးလို့လား ဂျီဂျီလေးရဲ့...."

အခုဆိုရင် သူတို့ခင်နေတာ ၃ နှစ်ကျော်ပြီဖြစ်ပေမယ့် ဂျီမင်ဟာ ဒီမေးခွန်းကို ခနခနမေးတတ်လေတယ် ။

" လိုတယ် လိုတယ်...."

နှုတ်ခမ်းလေးစူကာ ဂျီကျနေပြန်တဲ့ ပါးအိအိလေးကို နမ်းလိုက်တော့ ချက်ချင်းပင် မျက်လုံးတွေပိတ်သည်အထိ ပြုံးနေပြန်လေတယ် ။

" ကိုကိုက ၁၈ နှစ်ပြည့်ရင် ဒီဂေဟာကနေ ထွက်သွားရမှာနော်... အဲ့ဒီအချိန်ကျရင် ဂျီဂျီ့ဆီလာမယ်မလား...."

" လာမှာပေါ့ ဂျီဂျီလေးရဲ့ ကိုကိုက ပိုက်ဆံစုပြီးရင် ဂျီဂျီ့ကိုပါခေါ်ထားမှာ...."

" အဲ့ဒါကြောင့် ကိုကို့ကိုချစ်တာ... ဂျီဂျီ့အတွက် ကိုကိုကသာ အကောင်းဆုံးပဲ..."

နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် မိဘတွေကို အရင်ကလောက်မတမ်းတတော့တဲ့ ဂျီမင်ဟာ ယွန်းဂီကိုတော့ တော်တော်လေးတွယ်တာလာလေတယ် ။

ယွန်းဂီကလည်း ဂျီမင်ကို တကယ့်ညီအရင်းလေးလိုပင် ချစ်ခင်ကြင်နာနေမိတယ်လေ ။ ဂျီမင်ဖြစ်ချင်တာမှန်သမျှဖြည့်စည်းပေးတတ်သလို အမြဲလည်းအလျှော့ပေးတာကြောင့် သူတို့နှစ်ယောက်ကြားမှာ စိတ်ဆိုးစိတ်ကောက်တာလေးတောင် မရှိပေ ။

Forever Love Where stories live. Discover now