Part 5

79 23 20
                                    

{ Unicode }

ရက်ကိုလစား လကိုနှစ်စား၍ အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီဖြစ်လေတယ် ။ သို့သော် အချိန်တွေဘယ်လောက်ပြောင်းပြောင်း ချစ်စရာကောင်းတဲ့ ကောင်လေးနှစ်ယောက်ရဲ့ကြားက သံယောဇဉ်တွေက မပြောင်းသွားသည့်အပြင် ပိုလို့တောင် တိုးလာခဲ့တယ်လေ ။

" ကိုကိုရေ...."

အပြင်ကနေပြန်လာတဲ့ ယွန်းဂီကို ဂျီမင်ကအော်ခေါ်ရင်း ပြေးကြိုလိုက်တော့ ယွန်းဂီ အမောပြေသွားရလေတယ် ။

" အဆင်ပြေခဲ့လားဟင် ကိုကို...."

" အင်း ပြေခဲ့တယ် ဂျီဂျီလေး...."

" ကိုကိုကလည်း ဂျီဂျီလို့မခေါ်ပါနဲ့တော့ဆို..."

အသက် ၁၁ နှစ်ရှိပြီဖြစ်သော်လည်း သူ့မျက်စိထဲမှ စတွေ့ခါစအတိုင်းပင် ကလေးလို့သာမြင်နေတာကြောင့် ဂျီဂျီလို့ခေါ်တာကို လူပျိုပေါက်လေးကရှက်နေပြန်လေတယ် ။


" ဂျီဂျီ့ကို ဂျီဂျီလို့ခေါ်တာပဲကို ဂျီဂျီကမကြိုက်ဘူးလား...."

" ဟာ ကိုကိုနော် ပြောလေပိုဆိုးလေလုပ်နေတာပဲ တော်ပြီ မခေါ်တော့ဘူး...."

အရွယ်လေးရောက်လာသည်နှင့် သူ့ကိုကလေးလိုဆက်ဆံတာမကြိုက်တော့သည့် ဂျီမင်ကို ယွန်းဂီ အမြဲ စ မိလေတယ် ။

" ကိုကိုက ချစ်လို့စတာလေကွာ ဂျီဂျီလေးကလည်း သိရဲ့သားနဲ့...."

ဆံပင်လေးကို ဖွကာပြောလိုက်တော့ နှုတ်ခမ်းဆူရက်လေးနဲ့မျက်စောင်းထိုးနေပြန်လေတယ် ။ လုပ်သမျှအပြုအမူတိုင်းက ကလေးပိစိလေးလိုပင်ဖြစ်သော်လည်း ကလေးလိုဆက်ဆံရင်မကြိုက်တဲ့ ကလေးလေးပါပဲ ။

" ‌ရော့ ဂျီဂျီအတွက် မုန့်ဝယ်လာတယ်...."

" ကိုကိုက ချစ်ဖို့အကောင်းဆုံးပဲ...."

ဝယ်လာတဲ့ မုန့်ထုပ်လေးထုတ်ပေးလိုက်တော့မှပဲ မျက်နှာလေးက ပြုံးရွှင်သွားတော့တယ် ။

" အဆောင်ကဘယ်လိုနေလဲဟင် ကိုကို အဆင်ပြေလား...."

" အင်း ပြေတယ်...."

Forever Love Where stories live. Discover now