{ Unicode }
ရေချိုးပြီးနောက် အဝတ်ဗီရိုကိုဖွင့်ကာ နီညိုရောင်အနောက်တိုင်းဝတ်စုံကိုထုတ်လိုက်ပြီး မှန်ကြည့်ရင်းနဲ့ဝတ်လိုက်လေတယ် ။ အဆင်ပြေပြီဆိုတော့မှ ဆံပင်ကိုသေသပ်အောင်ဖြီးလိုက်ပြီး အိတ်ကိုဆွဲကာ အခန်းထဲကထွက်လာခဲ့လိုက်တော့
တယ် ။" စားလို့ကောင်းလား သားလေး..."
ထမင်းစားပွဲမှာ တစ်ယောက်တည်းမနက်စာထိုင်စားနေတဲ့သားရဲ့ပါးကိုနမ်းပြီးနောက် ယွန်းဂီ မေးလိုက်မိလေတယ် ။
" ကောင်းတယ် Appa ရဲ့ ကြက်ဥကြော်နဲ့ပေါင်မုန့်မီးကင်ကအကောင်းဆုံးပဲ..."
လက်မထောင်ပြကာ ချစ်စဖွယ်ပြောတဲ့သားကိုကြည့်ကာရယ်လိုက်ပြီးနောက် ယွန်းဂီလည်း မနက်စာစားလိုက်လေတယ် ။
" ဒီမှာ ထမင်းဘူးနော် သားလေး... ဆရာမက အားကစားဝတ်စုံထည့်ပေးဖို့မှာလိုက်လို့ Appa ထည့်ထားပေးတယ်နော်... နောက်ဘာလိုသေးလဲ..."
" ဟင့်အင်း ဘာမှမလိုတော့ဘူး Appa..."
" အိုကေ ဒါဆို တို့တွေသွားကြစို့..."
အိမ်တံခါးကိုသော့သေချာပိတ်လိုက်ပြီးနောက် သားကိုကားပေါ်တင်ပေးလိုက်လေတယ် ။ ပြီးနောက် ယွန်းဂီလည်းကားပေါ်တက်လိုက်ပြီး ကားမောင်းထွက်လာခဲ့လိုက်လေတယ် ။
ပထမဆုံးအနေနဲ့ သားကိုမူကြိုအရင်ပို့ပေးရလေတယ် ။
" တာ့တာ ဆရာမစကားနားထောင်နော် သားလေး... Appa လာကြိုမယ်နော်... နောက်ကျနေရင်လည်း ငြိမ်ငြိမ်လေးထိုင်စောင့်နေနော်..."
" သားသိပါတယ် Appa ရဲ့ နေ့လည်စာမစားပဲအလုပ်မလုပ်နဲ့နော်..."
ယွန်းဂီအကြောင်းကိုသိနေတဲ့သားက စိတ်ပူစွာပြန်မှာနေတာကြောင့် ယွန်းဂီ သဘောကျစွာပြုံးလိုက်ပြီး သားရဲ့နဖူးလေးကိုနမ်းလိုက်မိလေတယ် ။
ဆရာမရဲ့လက်ကိုဆွဲပြီး သား ကျောင်းထဲဝင်သွားတော့မှပဲ ယွန်းဂီလည်း ကုမ္ပဏီကိုထွက်လာခဲ့လိုက်လေတယ် ။
" ဒီနေ့အတွက် အချိန်ဇယားတွေပြောပြပါဦး..."
" ၁၀ နာရီမှာ ရှယ်ယာရှင်အစည်းအဝေးရှိပါတယ်ရှင့် ညနေမှာတော့ အမေရိကကကိုယ်စားလှယ်တချို့နဲ့ညစာစားဖို့ရှိပါတယ်..."
ESTÁS LEYENDO
Forever Love