{ Unicode }
" ဂီဝန် နိုင်သွားပြီးရေး...."
" ဟာ... ကိုကိုက ထပ်ရှုံးပြန်ပြီလား...."
မင်က မျက်နှာလေး ရှုံ့ကာ ဝမ်းနည်းချင်ယောင်ဆောင်လိုက်တော့ သားက သူနိုင်သွားတာကို ပျော်သွားဟန်ဖြင့် ခုန်ပေါက်နေလေတယ် ။ ဂီဝန်ပျော်နေတာမြင်တော့ မင့်ရဲ့မျက်ဝန်းလေးတွေလည်း တောက်ပကာ ပျော်ရွှင်နေတယ်လေ ။
သူကတော့ ဧည့်ခန်းမှာ ထိုင်ကာ laptop ဖြင့် အလုပ်လုပ်နေရင်းက သားနဲ့မင့်ကိုကြည့်ပြီး ကျေနပ်နေမိတယ် ။
" Appa...."
" ပြောလေ သားလေး...."
" ဒီပိတ်ရက်ကျရင် ကစားကွင်းသွားကြရအောင်နော်... ဂီဝန် မသွားရတာကြာပြီ...."
ဟုတ်တာပဲ သူ ဒီရက်ထဲ အလုပ်တွေများနေလို့ သားကို ကစားကွင်းလိုက်မပို့ပေးဖြစ်တာကြာနေပြီလေ ။ ပုံမှန်ဆိုရင် တစ်လကို ၂ ခါလောက်တော့ ပို့ပေးနေကြဖြစ်တယ် ။
" အင်း သွားကြမယ်လေ မင် လည်း လိုက်မယ်မလား...."
" ဟုတ်ကဲ့ လိုက်မယ် အကို...."
မင် ကပါလိုက်မယ်လို့ပြောလိုက်တော့ သားက ဟေးခနဲထအော်ကာ မင့်ကိုပြေးဖက်လေတယ် ။
ဟိုတစ်နေ့က အဖြစ်အပျက်အပြီးမှာ မင်နဲ့သူရဲ့ ဆက်ဆံရေးက ပြန်အဆင်ပြေလာခဲ့တယ် ။ မင်က သူ့ကိုအရင်လို ပြန် အခေါ်အပြောလုပ်လာတာကြောင့် သူလည်း ခံစားချက်တွေကို ချိုးနှိမ်ထားပြီး မင့်အတွက် အကိုတစ်ယောက်လိုသာ ချစ်ခင်ဂရုစိုက်ခဲ့တယ်လေ ။
မင့် ရဲ့သဘောထားကို အတိအလင်း သိပြီးပြီဖြစ်တာကြောင့် ထပ်ပြီး လောဘမကြီးဖို့လည်း ဆုံးဖြတ်ထားမိတယ် ။ အကယ်၍များဆိုပြီး မင် စိုးရိမ်ခဲ့သလို အခြေအနေဖြစ်ခဲ့ရင် ရင်ဆိုင်နိုင်အောင်လည်း သူ အခုကတည်းက စိတ်ကို ကြိုတင် ပြင်ဆင်ထားမိတယ် ။
ဒါကြောင့် အခုလိုအတူရှိခွင့်ရတဲ့ရက်လေးတွေမှာ မင်ပျော်ရွှင်ဖို့ကိုသာ ဦးစားပေးဖို့ သူ စိတ်ကူးထားမိတယ်လေ ။
•••••
မနက် အိပ်ရာနိုးကတည်းက အသံတဆာဆာနဲ့ အော်ဟစ်နေတဲ့ သားရဲ့အသံကို ယွန်းဂီ နားထောင်ပြီး ထလာရလေတယ် ။
YOU ARE READING
Forever Love