{ Unicode }
တစ်အိမ်တည်းအတူနေတဲ့သူနဲ့ မျက်နှာချင်းမဆိုင်မိအောင်ရှောင်တိမ်းရတာလောက် ခက်ခဲတဲ့အရာရှိတော့မယ် မထင်ပေ ။ သူ့အတွက် စိတ်တွေပေါ့ပေါ့ပါးပါးနေရတဲ့ အချိန်ကတော့ ယွန်းဂီတို့သားအဖ အိမ်မှာမရှိတဲ့အချိန်ပါပဲ ။
အထူးသဖြင့် ယွန်းဂီ အိမ်မှာရှိတဲ့အချိန်ဆိုရင် သူ အတတ်နိုင်ဆုံး နှစ်ယောက်တည်းမဖြစ်အောင် မျက်နှာချင်းမဆိုင်မိအောင် သူကြိုးစားနေမိတယ်လေ ။
ဒီနေ့တော့ အလုပ်ပိတ်ရက်ဖြစ်နေတာကြောင့် ယွန်းဂီ တစ်နေကုန်အိမ်မှာရှိနေလေတယ် ။ ဒါကြောင့် သူလည်း ယွန်းဂီနဲ့မဆုံဖြစ်အောင် အိမ်အလုပ်တွေ အကုန်ပတ်လုပ်နေမိတယ်လေ ။
" ကိုကိုရေ...."
သူတစ်ယောက်တည်း ချက်ပြုတ်နေတုန်းမှာပဲ ဂီဝန်က အနားရောက်လာလေတယ် ။
" ပြောလေ ဂီဝန်လေး...."
" ဂီဝန် ဗိုက်ဆာနေပြီ ဘာချက်လဲဟင်...."
" ဝက်သားလုံးကြော်နဲ့ ပဲပင်ပေါက် ဟင်းချိုလေးချက်နေတယ်လေ...."
ဝက်သားလုံးကြော်တွေကို မတူးအောင် ဇွန်းနဲ့ ဟိုဘက်ဒီဘက် လှိမ့်ပေးကာ ကြော်နေရင်းနဲ့ ဂီဝန့်ကိုပြန်ဖြေလိုက်မိတယ် ။
" ဂီဝန် ကြိုက်တယ် မြန်မြန်ချက်ပေးနော် ကိုကို...."
" ဟုတ်ကဲ့ပါဗျာ...."
ဂီဝန်က သူသိချင်တာ မေးပြီးပြီဖြစ်တာကြောင့် အနားကနေပြန်ထွက်သွားလေတော့တယ် ။ ဒါကြောင့် သူလည်း ကျန်တဲ့ ဝက်သားလုံးလေးတွေကို ဆက်ကြော်နေလိုက်တယ်လေ ။
ဒီဝက်သားလုံးကြော်လေးက အရင်တစ်ခေါက်ကြော်တုန်းက အကိုက ကြိုက်တယ်ဆိုလို့ သူ ထပ်ကြော်ဖြစ်ခြင်းဖြစ်လေတယ် ။ ချစ်ခြင်းမေတ္တာဟာ ဒါပဲထင်ပါရဲ့ ကိုယ်ချစ်ရတဲ့သူ ကြိုက်တတ်တာလေးတွေကို တကူးတကမှတ်ထားစရာမလိုပဲ မှတ်မိနေတတ်သလို စားချင်တာလေးတွေ အမြဲချက်ကျွေးချင်နေမိတာလေ ။
ဝက်သားလုံးကြော်တွေအကုန် ကြော်ပြီးချိန်မှာတော့ ပဲပင်ပေါက်ဟင်းချိုချက်ရန်ပြင်နေတုန်းမှာပဲ ရေခဲသေတ္တာတံခါးဖွင့်သံကြားလိုက်ရလေတယ် ။
YOU ARE READING
Forever Love