{ Unicode }
" သက်သာရဲ့လား ညီလေး...."
" ဟုတ်ကဲ့ သက်သာပါတယ်... ကျွန်တော့်ကို ကူညီပေးလို့ကျေးဇူးတင်ပါတယ်နော် အကို...."
ယွန်းဂီ ပြုတ်ပေးတဲ့ ဆန်ပြုတ်ကိုသောက်နေရာကနေ မော့ပြီးပြောလာတဲ့ ကောင်လေးကို ယွန်းဂီ ပြုံးပြီးတော့ ခေ့င်းငြိမ့်ပြလိုက်မိတယ် ။
ကောင်လေးပုံကြည့်ရတာ ရိုးရိုးသားသားလေးဖြစ်ပေမယ့်လည်း အတိတ်မေ့နေတာကြောင့် ယွန်းဂီ အတွက် အခက်တွေ့နေမိရလေတယ် ။
ကောင်လေးဟာ ဒီလောက် ဒဏ်ရာတွေအများကြီးရလာတာ ဘာကြောင့်လဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ယွန်းဂီ သိချင်မိတယ် ။ ယွန်းဂီ တစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမယ့် သား ရှိနေတာကြောင့် တွေးပူနေမိရတယ်လေ ။
" ညီလေးရဲ့ နာမည်ကို နည်းနည်းလေးတောင် စဉ်းစားလို့မရဘူးလား...."
" ဟုတ်ကဲ့ အကို ကျွန်တော် စဉ်းစားကြည့်ပေမယ့် တကယ်စဉ်းစားလို့မရလို့ပါ... အကို့ကိုအနှောင့်အယှက်ပေးမိလို့လည်းတောင်းပန်ပါတယ်..."
တကယ်ကိုပင် အားနာနေသည့် မျက်နှာလေးနှင့် ပြောလာတော့လည်း ယွန်းဂီ စိတ်မကောင်းဖြစ်ရပြန်လေတယ် ။
" အကို့အတွက် အနှောင့်အယှက်မဖြစ်ပါဘူးကွာ... အကိုက မင်းရဲ့ မိသားစုတွေ မင်းပျောက်သွားလို့ စိုးရိမ်နေမှာစိုးလို့ပါ...."
ယွန်းဂီရဲ့စကားကြောင့် ကောင်လေးက ဆန်ပြုတ်ကိုဆက်မသောက်နိုင်တော့ပဲ ငိုင်တွေသွားလေတယ် ။
" ဒါပေမယ့် ညီလေး သတိမရခင်အချိန်အထိ ဒီမှာပဲနေလို့ရတယ်နော် အကိုတို့လည်း သားအဖနှစ်ယောက်ပဲရှိတာ..."
" ဟုတ်ကဲ့ အကိုကျေးဇူးတင်ပါတယ်... ကျွန်တော် ဒီမှာနေတဲ့ရက်အတွင်းအိမ်မှာ ဝိုင်းကူလုပ်ပေးပါ့မယ်နော်...."
စိတ်အားတက်ကြွတဲ့အကြည့်တွေနဲ့ ပြောလာတဲ့ ကောင်လေးကြောင့် ယွန်းဂီရဲ့စိတ်ထဲက သံသယတွေဟာ ပျောက်ကင်းသွားရလေတော့တယ် ။
" မနက်ဖြန် အကိုနဲ့အတူ ဆေးရုံသွားကြမယ်နော်.... တခြားထိခိုက်တာတွေမျယးရှိဦးမလားလို့ စစ်ဆေးကြည့်ရအောင်..."
YOU ARE READING
Forever Love