အခန်း(၄)

444 36 1
                                    

“Gem.. May စာကြည့်တိုက်သွားချင်လို့ ကျောင်းနေရာတွေက သိပ်မသိသေးလို့လေ… အဲတာ Mayကို လိုက်ပို့ပေးပါလား”

Gem က ကျောင်းနားချိန်မှာ သူ့ကို သင်္ချာရှင်းပြပေးနေတုန်း May က ရောက်လာသည်။

“အာ Gem ငါဒီနား သေချာ နားမလည်သေးလို့ တစ်ခေါက်လောက် ထပ်ရှင်းပြပါလား”

Gem က May ကို စကားပြန်ပြောဖို့လုပ်နေတုန်း သူဖြတ်ပြောလိုက်သည်။

“ဟင် ဘယ်နားလဲ”

“ဒီနေရာ”

“အော် အင်း ဒါ ဒီနေရာ XXXX တွက်ရတာ”

Gem က သူကို အာရုံပြန်စိုက်လာတော့ သူ့ Mayကို မော့ကြည့်လိုက်သည်။ May က လည်း သူ့ကို ကြည့်နေသည်။ နောက်ပြီး မျက်ခုံးနှစ်ဖက်ကို ကွေးလိုက်သလိုပဲ… နောက်ပြီး တစ်ချက်ပြုံးလိုက်သည်။
အဲ့အပြုံးက… မဲ့ပြုံးပြုံးလိုက်တာလား..
Fot မပြောတတ်ဘူး…

“Gem Gem… ခု ကျောင်းနားချိန်လေးမို့ ငါငှားချင်တဲ့ စာအုပ်လေးရှိလို့ လိုက်ပို့ပေးပါလား”

သူဒီတစ်ခါတော့ ဖြတ်မပြောတော့ Gem ကိုပဲ ကြည့်လိုက်သည်။ Gem ကတော့ သူ့ကိုမကြည့်လာပါဘူး..

ဒါပေမဲ့ Gem ပြန်ပြောလိုက်သော စကားကြောင့် သူပြုံးလိုက်သည်။ ရယ်လိုက်တယ်လို့ ဆိုမလား..

“ အာ May စာကြည့်တိုက်က နည်းနည်းဝေးတယ်…. ခုချိန်သွားရင် ကျောင်းတတ်ချိန်မမှီလောက်တော့ဘူး… နောက်နေ့မှ သွားတော့”

“အမ်.. အာ အေးပါ…”

သူနာရီကို ကြည့်လိုက်တော့ မိနစ်၂၀ လိုသေးသည်။

စာကြည့်တိုက်က နည်းနည်းလှမ်းတယ်ဆိုပေးမယ့်  ခပ်သွပ်သွပ်လေး သွားမယ်ဆို ၁၀မိနစ်အတွင်းရောက်သည်။

Gem က ဘယ်လိုတွေးနေနေ သူ့ကို ပထမဆုံးရွေးချယ်နေသေးတယ်.. အဲ့လိုပဲ ဖြစ်ရမှာပဲ.. Gem က သူ့အပိုင်ပဲ…
သူ Gem ကို ကြည့်ကာ ပြုံးနေမိသည်။

“Fot Fot…”

“ဟမ်”

“ဒီကို အာရုံစိုက်လေ.. နားမလည်ဘူးဆို…”

“အမ် အင်း အင်း”

Fot သူတို့ ခုံရှေ့မှာ အခုထိရပ်နေသေးသည့် May ကို ကြည့်လိုက်သည်။ မကျေနပ်ပုံစံဖြင့် စူပုတ်ပုတ်ဖြစ်နေသည်။

ANYMORE  (Gemfourth)Where stories live. Discover now