Gem မနေနိုင်တော့ပါ…..
အိမ်ယာထဲမှာပဲ လူးလိမ့်နေမိသည်။
Fot က ကျောင်းလည်း မလာဘူး….. တပတ်လုံး မလာတာ… ဒီနေ့ဆို ပိတ်ရက်ကို ရောက်နေပြီ…
သူ့ကို Fot က တကယ်ပဲ စိတ်ဆိုးတာသွားတာလား…
Fotက လေ သူ့စိတ်ကို နည်းနည်းမှကို မသိဘူး… သူလူမြင်ကွင်းမှာ မိန်းကလေး တစ်ယောက်ကို တွန်းလို့မဖြစ်ဖူးလေ… သူအပြောခံရမှာပေါ့ ….
နောက်ပြီး ပြောေသးသည်။
သူနဲ့ မပတ်သတ်တော့ဘူးတဲ့.. သူမို့ ပြောထွက်တယ်…
အဲ့စကားကြားတော့ သူတကယ်ဒေါသထွက်သွားတာ…
သူတို့က ငယ်ငယ်တည်းက အတူတူ ရှိလာကြတာ…
Fot က မပတ်သတ်ချင်ရင်တောင်မရဘူး… စကားနဲ့တောင် မပြောစေချင်တာ…. သူတို့က အတူတူရှိနေဖို့ ဖြစ်လာကြတာ…
အဲ့တာတွေ Fotတစ်ယောက် နားရောလည်ရဲ့လား.. အခုလည်း တပတ်လုံးစိတ်ကောက်နေတယ်… တကယ် နေနိုင်တာပဲ…သူကတော့မနေနိုင်တော့ပါ…. မနေနိုင်တဲ့သူကပဲ အရင်ချော့ရတော့မှာပေါ့….
Gemသည် သက်ပြင်းကိုချပြီး အတွေးတွေကို ရပ်ကာ အိပ်ယာပေါ်ကဆင်းလိုက်သည်။
အိပ်ခန်းထဲမှ ထွက်ကာ ရေခဲသေတ္တာဆီသို့သွားပြီး တံခါးဖွင့်လိုက်သည်။
Fot ဆီကို မသွားပေမဲ့ သူဝယ်ထည့်ထားခဲ့တဲ့ ပဲနိုဘူးတွေ ငါးဘူးရှိပြီ.. ဒီနေ့အပါဆို ၆ဘူး…
Gemသည် ပဲနို့ဘူးကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။
အင်း… Date မကုန်သေးဘူး …
သူသည် အိတ်တစ်လုံးကိုယူကာ ပဲနိုဘူးတွေကို အကုန်ထည့်လိုက်သည်။
သူကို အဲ့လောက်တောင် စိတ်ကောက်နေတဲ့ သူကို တစ်ခါတည်း အကုန်သောက်ခိုင်းလိုက်ဦးမယ်…
ပဲနို့ဆို အရမ်းကြိုက်တဲ့ကောင်လေး နို့ဘူးတွေမြင်ရင် စိတ်ကောက်ပြေပြီး သူကို သွားတွေပေါ်သည့်အထိ ပြုံးပြမှာကို Gem မြင်ယောင်မိသည်။ သူသည်လည်း အလိုလို ပြုံးမိသွားသည်။
Gemသည် ပဲနို့ဘူးအိတ်ကို ကိုင်ပြီး အိမ်ပြင်သို့ ထွက်လာလိုက်သည်။
![](https://img.wattpad.com/cover/373497412-288-k512077.jpg)