ကောင်းကင်ကြီးက ကြည်လင်ပြာလဲနေသည်။
တိမ်တွေကလည်း ဟိုတစ်စ ဒီတစ်စနှင့် ရွေ့လျားလျက်။ လေပြေညှင်းကလည်း တဖြူးဖြူးတိုက်လျက်ရှိနေသည်။ထို သာယာတဲ့ ရာသီဉတုနှင့် လိုက်ဖက်စွာ သစ်ပင်ကြီးရဲ့အောက်မှာ လူကောင်အနည်းငယ်သေးတဲ့ ကောင်လေးက မှောက်လျက် စာအုပ်တစ်အုပ်ဖတ်နေသည်။
ထိုကောင်လေးရဲ့ ဘေးနားမှာတော့ သစ်ပင်ကြီးကို မှီလျက် ကောင်လေးတစ်ယောက်က စာဖတ်နေသည်။
မှောက်လျက်စာဖတ်နေတဲ့ကောင်လေးက ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ရုတ်တရက် ထထိုင်လိုက်သည်။
“Gem.. Gem မင်းမှတ်မိသေးလား… ငါတို့ ၆နှစ်လား ၇နှစ်လား မသိဘူး…. ငါတို့ ဒီသစ်ပင်ပေါ်တတ်ဆော့တာလေ..”
သစ်ပင်ကို ကျောမှီနေတဲ့ ကောင်လေးက ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ပြုံးလိုက်ကာ တစ်ဖက်ကောင်လေးကို ကြည့်လိုက်သည်။
“မှတ်မိတာပေါ့ မင်းလေ မျောက်ရှုံးအောင် ဆော့လို့ အပင်ပေါ်က ပြုတ်ကြတာလေ… ငိုလိုက်တာမှ အာပြဲနေရော…”
Gem၏ စကားကြောင့် Fot က သဘောကျစွာ ရယ်လိုက်သည်။
“အင်း. ငါ က ပြုတ်ကျတာ နာလို့ ငိုတာထားပါတော့ ဘယ်သူလဲမသိဘူး ငါ့ထက်ပိုငိုတာလေ.. နှာတ်တွေကိုထွက်ရော.. နောက်ပြီး သစ်ပင်ကိုလဲ ရန်ရှာသေးတယ်လေ”
Fot၏ စကားကြောင့် Gem၏ မျက်နှာရဲသွားသည်။
လျာတွေ ခလုတ်တိုက်ပြီး စကားတွေတောင် ထစ်သလိုဖြစ်သွားသည်။“မင်းဘာတွေပြောနေတာလဲ... ငါကဘယ်တုန်းကလဲ…”
“အမယ့် မယ့် ကောင်လေးတစ်ယောက် ရှက်နေပြီ.. Gem မင်းငါ့ကို အရမ်းချစ်တာပဲလား”
Fot က ရယ်မောကာ မေးလိုက်ပြီး Gem၏ မျက်နှာကိုလည်း ခိုးကြည့်လိုက်သည်။
ဘာလို့လဲ မသိ သူတို့ ဒီလိုစကားတွေဆိုတာ ပြောဆိုနေကြပဲ.. စနောက်ပြီးပြောနေကြပဲ…
ဒါပေမဲ့ ဒီနေ့မှာတော့ ဒီစကားတွေ ပြောပြီး သူရင်တုန်သလိုဖြစ်လာသည်။
Gem ကိုလည်း စေ့စေ့မကြည့်ရဲတော့ဘူး… သူ အလိုလို ခေါင်းငုံကျသွားသည်။
သူအကြည့်တွေထဲမှာ ပြောင်းလဲလာတဲ့ တစ်ခုခုကို Gem ကို မမြင်စေချင်ဘူး မသိစေချင်ဘူး…