အရာအားလုံးဟာ မဲမှောင်နေလျက်.... တိတ်ဆိတ်လျက်... ငြိမ်သက်လျက်...
သူသည် စမ်းတဝါးဝါးနှင့် လျောက်လှမ်းနေခဲ့တာ ဘယ်နေရာရောက်လို့ ဘယ်ဆီသွားနေမှန်းမသိ......
မဲမှောင်အေးစက်နေတဲ့ လမ်းကို လျောက်နေရင်း သူ၏လက်တစ်ဖက်သည် ပူနွေးနေသည့် လက်တစ်ဖက်၏ ဆွဲကိုင်လိုက်ခြင်းကို ခံစားရသည်။ ထို့နောက် သူခံစားရသည်က သူ၏လက်ပေါ်သို့ ကျလာသည့် ရေစက်တွေ...
ရေစက်တွေက ပူနွေးလျက်... တစ်စက်ပြီးတစ်စက်...... ဘယ်ကနေ ရေစက်တွေ ကျနေလဲ မသိ...
ထို့နောက်သူသည် အသံများကိုလည်း တစ်စ စ ကြားလာရသည်။
ရှိုက်သံလိုလို.. ခံစားချက်တွေကို မြိုသိပ်ထားပြီး လျံထွက်လာသည့် အသံလိုမျိုး...
တစ်ယောက်ယောက်ငိုနေတာထင်သည်။
သူလက်ပေါ်ကျနေသည့် ရေစက်တွေသည် မျက်ရည်တွေ ဖြစ်မည်ထင်။
တစ်ယောက်ယောက်ငိုနေသည်။ သူ့၏လက်ကို ဆွဲလျက် တစ်ယောက်ယောက်က ငိုနေသည်။
ဘယ်သူငိုနေတာလဲ... ဘာအတွက်လဲ...
ထို့နောက် ဆက်ကာ ကြားလိုက်ရသည်က သူ၏ နာမည်ကို ခေါ်သောအသံ..
"Gem... Gem..."
သူ၏ ရင်သည်လှိုက်ကာ ခုန်သွားသည်။ ထိုအသံသည် Fot ၏ အသံပင်....
Fot သည် သူ့ကို ခေါ်နေခဲ့သည်။သူ၏ လက်ပေါ်ကျနေသော ရေစက်များသည် ရေစက်မဟုတ် Fot၏ မျက်ရည်များ ဖြစ်သည်။Fotသည် ငိုနေခဲ့သည်။
ဘာအတွက်နှင့် Fot သည် ငိုနေရသနည်း။
"Gem.. Gem... မင်းဘယ်မှာလဲ..."
Fotသည် သူ့ကို ရှာနေသည်။
Fot မင်းရော ဘယ်မှာလဲ.. ငါမင်းဆီလာခဲ့မယ်... မင်းဘယ်မှာလဲ..
Gem သည် မဲမှောင်နေသောနေရာတွင် ပတ်ပတ်လည်ကို လှည့်ကာ အသံလာရာ အရပ်ကို ရှာနေမိသည်။ ထို အချိန်တွင် သူမြင်လိုက်ရသည်။ မှိန်ပြပြ အဖြူရောင် အလင်းစက်လေးတစ်ခု...
သူ ထိုအလင်းရှိရာသို့ ပြေးကာသွားလိုက်သည်။
"Gem..."