Fot သည် ထိုကိစ္စများဖြစ်ပွားပြီးသည်နောက် Gem ၏ ပိုက်ဆံကို အမြန်ဆုံးပြန်ဆပ်နိုင်မည့် နည်းလမ်းကိုသာ စဉ်းစားတော့သည်။
Fot သည် အိပ်ယာ ကုတင်ကို ကျောမှီလျက် ကွန်ပြူတာကို ကြည့်နေသည်။ သူပုံတင်နေကျ Site ထဲသို့ ဝင်ကာ Newsfeeds ကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် လုပ်နေသည်။
သူတစ်ခုခု စဉ်းစားဆုံးဖြတ်မှ ရတော့မည်။ သူ့ဆီကို ပို့ထားသည့် များစွာသော mailများထဲသို့ ဝင်ကြည့်သည်။ သူနှင့် အလုပ် လုပ်ချင်သည့် အလုပ်ကမ်းလှမ်းစာများစွာရှိနေသည်။
သူသည် အမည်မဖော်ဘဲနှင့် ထို့ website တွင် ပုံများဆွဲတင်လေ့ ရှိခဲ့သည်။ သူ့ကို အားပေးသည့်များရှိပြီး သူ၏ ပုံများကို ကြိုက်ပြီး သူတို့အတွက် ပုံဆွဲပေးရန် တောင်းဆိုချက်များရှိသည်။ သူတို့နှင့် အတူလက်တွဲလုပ်ရန် ကမ်းလှမ်းချက်များစွာလည်း ရရှိထားသည်။
သူသည် website တွင် ဆွဲတင်သော ပုံများမှာ နောက်ကျောပုံများ ဖြစ်သည်။ အတိအကျ ပြောရလျှင် ယောင်္ကျားတစ်ယောက်၏ နောက်ကျောပုံများဖြစ်သည်။ ထိုသူတစ်ယောက်တည်း၏ ပုံများဖြစ်သည်။ သူ့ကို ကျောခိုင်းထားသည့် ပုံများချည်းသာ။
သူသည် ယခုအခါ နောက်ဆုံးဆွဲထားသည့် ပုံကို တင်လိုက်သည်။နောက်ကျောပုံပင် ဖြစ်သည်။ ထိုနောက်ကျောပုံသည် လက်တွင် ဝိုင်တစ်ခွက်ကို ကိုင်ထားသော အမျိုးသားတစ်ယောက်ပုံဖြစ်သည်။ ဘေးသို့ အနည်းငယ်စောင်းနေသော လှည့်နေသော တစ်စောင်းမျက်နှာလေးပေါ်နေသည်။ ထိုမျက်နှာတွင် အပြုံးသေးသေးလေးလဲ ရှိသည်။သူသည် ပုံတစ်ခုလုံးကို အဖြူနှင့် အနက်သာ သုံးပြီး ဆွဲထားသည်။ ထိုပုံသည် ကြေကွဲစရာ နောက်ကျောပုံဖြစ်နေပြီး ဆွဲသူထံမှ လွမ်းဆွတ်နေသည့် ခံစားချက်ကို ပါ ခံစားမိနေသည်။
သူပုံတင်ပြီး ပြီးချင်းတွင်ပင် Like များစွာရပြီး ကောမန့်များလည်း များစွာ ပေးလာကြသည်။
*Wow Mr.Milk ဒီတစ်လောပျောက်နေတာ ခုမှ ပြန်ပေါ်လာတယ်
*ပုံအသစ်လေးတင်ပြီ အရမ်းကြိုက်တာပဲ
*Mr.Milk အဲ့လူနဲ့ ပြန်မတွေ့သေးဘူးလား
*Mr.Milk လွမ်းနေပြန်ပြီထင်တယ်