အခန်း ( ၁၄ )

416 38 4
                                    


ဟင့်...... ဟင့်....

Fot သည် ညတစ်ရေးနိုး ရေဆာသောကြောင့် ရေသောက်ရန် ထမင်းစားခန်းသို့ သွားရန် ထလိုက်သည်။ ရေခဲသေတ္တာကို ဖွင့်ရန် ပြင်လိုက်စဉ် ညည်းညူသံလိုလို ငိုရှိက်သံလိုလို ကြားလိုက်ရသည်။ သူ၏ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ဧည့်ခန်းတွင် မီးမဖွင့်ထားဘဲနှင့် အမေထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အမေဆီသို့ လျှောက်သွားလိုက်သည်။

"မေမေ မီးမဖွင့်ဘဲ ဘာထိုင်လုပ်နေတာလဲ"

သူသည် မီးခလုတ်ကို နိပ်ရန် ပြင်လိုက်စဉ်တွင် အမေသည် လှမ်းကာတားသည်။

"မဖွင့်နဲ့သား မဖွင့်နဲ့ မင်းအဖေ နိုးသွားမယ်"

အမေ၏ အသံများက ဩနေခဲ့သည်။ အမေသည် ငိုထားသည်။ သူသည် အမေဆီသို့ အမြန်ပြေးကာသွားလိုက်သည်။

"မေမေ ဘာဖြစ်လို့လဲ ဘာဖြစ်လို့ငိုနေတာလဲ"

သူသည် အမေကို ပွေ့ဖက်ထားလိုက်သည်။ ကျန်းမာရေးလဲ သိပ်မကောင်းသေးတဲံ့ အမေ့ကို အရမ်းလည်း စိုးရိမ်မိပါသည်။

"သားကို ပြောပါဦး ဘာပြဿနာ ရှိနေလဲ မေမေ"

မေမေက ပြောကာမှ ပိုတိုး၍ ငိုလာတော့သည်။ မေမေ၏ တုန်ယင်နေသော ကိုယ်လေးကို Fot သည် တင်းကြပ်စွာပွေ့ဖက်လိုက်သည်။

"သားကို ပြောပါဦး"

မေမေက မျက်ရည်တွေကို သုတ်လိုက်ပြီး သူ့ကို ကြည့်သည်။

"မေမေလေ သေသာ သေလိုက်ချင်တော့တယ်"

မေမေဆီမှ ထိုစကားထွက်လာသောအခါ သူအတော်ကို ထိန့်လန့်သွားသည်။

"ဘာတွေပြောနေတာလဲ မေမေ သားကို ပြော ဘာဖြစ်နေတာလဲ"

မေမေသည် မျက်ရည်တွေကျပြီး သူကို မပြောချင်စွာဖြင့် ပြောသည်။

"မင်းဦးလေး မင်းဦးလေးပေါ့"

လာပြန်ပြီ ဦးလေး....

ဦးလေးဆိုသည်မှာ အမေ၏ တစ်ဉီးတည်းသော မောင်ဖြစ်သည်။ မေမေက အလိုလိုက် ချစ်သလောက် ဦးလေးသည် အလွန်ဆိုးသည်။ ပြဿာနာလဲ အတော်မသတ်နိုင်အောင် ရှာတတ်ပြီး သူမနိုင်တော့လျှင် အမေဆီသို့ ပြေးလာတတ်သည်။ အမေကပဲ ဖြစ်သမျှ အကြောင်း ဒိုင်ခံ ရှင်းပေးရသည်။ မေမေ အကုန်ရှင်းပေးတော့ ဦးလေးသည်လည်း ထိန်းမနိုင်တော့ပါ။

ANYMORE  (Gemfourth)Where stories live. Discover now