အခန်း (၁၁)

394 33 2
                                    

“Fot Fot … ကောင်စုတ်လေး ဒီအမေက သေတော့မယ်‌ပြောကာမှ ပြန်လာတော့တယ်…”

မေမေသည် သူ့ကို တွေ့တွေ့ချင်း မျက်ရည်စမ်းစမ်းနှင့် ဆီးကြိုကာ ပြောသည်။

သူသည် မေမေ့ဆီသို့ အပြေးသွားကာ ပွေ့ဖက်လိုက်သည်။

“မေ့ အဲ့လိုမပြောပါနဲ့.. သားပြန်လာပြီလေနော်…”

မေမေက ဒီရက်တွေအတွင်း ကျန်းမာရေးဆိုးရွားလာခဲ့သည်။

ဖေဖေက ပြောတယ် မင်းကို အရမ်းသတိရနေတာမို့ ပြန်လာခဲ့ပါတဲ့…

ဟုတ်တော့လဲ ဟုတ်ပါသည်။ သူထွက်လာခဲ့တာပဲ ၇နှစ်ရှိသွားခဲ့ပြီ…

သူသည် ဒီနှစ်တွေ အတွင်း ပန်းချီနှင့် ဒီဇိုင်းကိုပဲ စိတ်နှစ်ပြီး ကြိုးစားလေ့လာခဲ့သည်။ အခုဆို သူသည် ဘွဲ့ရခဲ့ပြီ ဖြစ်ပြီး အလုပ်တွေလဲ အများကြီးကြိုးစားခဲ့သည်။

သူ့ကိုသူ မအားလပ်အောင်နေပြီး ကြိုးစားခဲ့သည်။

သူသည် မိသားစုအတွက် လင့်ဟင်းခဲ့တာ များပြီ…
အခုဆို သူလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်ခဲ့ပြီဆိုတော့ မေမေ့နှင့် မိသားစုကို အချိန်ပေးပြီး ဒီမှာပဲ အလုပ်ဆက်လုပ်ဖို့ စဉ်စားထားသည်။

“မေမေ သားဗိုက်ဆာတယ်… မေမေ့လက်ရာလေးလွမ်းနေတာ ….”

“လွမ်းနေရင်လဲ ပြန်လာခဲ့ပါလား … မင်းကိုက နေကို နေနိုင်လွန်းတာ…”

သူသည် မေမေ့ကို ထပ်ပြီး ပွေ့ဖက်ကာ ချွဲလိုက်သည်။

“အင်းပါ မေမေကလဲ အခုပြန်လာပြီလေ ဒီသားလေးကို ထမင်းကျွေးပါတော့..”

သူ ချွဲပြလိုက်ေသာအခါ မေမေက ပြုံးသွားခဲ့ပြီး သူခေါင်းကို ဖွဖွခေါက်လိုက်သည်။ ထိုအချိန်တွင် ဟင်းအနံနှင့်အတူ   သြသြရှရှ အသံတစ်ခုက ပေါ်ထွက်လာခဲ့သည်။

“အန်တီ ကျွန်တော် လာတယ်”

သူသည် မေမေကို ကပ်ချွဲနေတုန်း အိမ်အပြင်ဘက်ကနေ စကားပြောရင်း ဝင်လာတဲ့ အသံကြောင့် သူတခဏမျှ  လှုပ်ရှားမှုတွေ ရပ်သွားခဲ့သည်။

သူနည်းတူ ကျောနောက်ဘက်မှ အသံကလည်း တိမ်ဝင်သွားခဲ့သည်။

သူသည် မေမေကို ပွေ့ဖက်နေရာမှ ဖြေးဖြေးချင်းထရပ်လိုက်သည်။ အနောက်ဘက်ကို လှည့်မကြည့်ခင် အတွင်းဘက်နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်သည်။

ANYMORE  (Gemfourth)Where stories live. Discover now