နောက်တစ်နေ့တွင် Fot သည် Gem ၏ ပိုက်ဆံများကို ပြန်ပေးလာခဲ့သည်။ Fot ဆီမှ စာလက်ခံရပြီးနောက် Acc ထဲဝင်လာသော ပိုက်ဆံများကို Gemသည် ကြည့်နေမိသည်။ Fot သည် မည်သည့်နေရာက ပိုက်ဆံရသနည်း။ သူ မည်သည့်နေရာတွင် လွတ်သွားခဲ့သနည်း။
Gem သည် Fot ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"Fot မင်းပိုက်ဆံတွေ ဘယ်ကရတာလဲ"
Fot သည် ဖုန်းကိုင်လိုက်ချင်းမှာပင် ပြောလာသော Gem ၏ စကားကြောင့် ရယ်လိုက်သည်။
"ဘာလဲ... မင်း ငါ့ကို အလုပ်မလုပ်နိုင်အောင် လုပ်နေတာနဲ့ပဲ ငါက ဘယ်မှမှ ပိုက်ဆံမရနိုင်တော့ဘူးထင်နေတာလား Gem မင်း ငါ့ကို အရမ်း အထင်သေးတာပဲ"
Fot ၏ စကားကြောင့် Gem သည် ရင်ထိတ်သွားခဲ့သည်။ သူသည် မည်သည်မှ မသိဟန်ဖြင့် မေးလိုက်သည်။
"မင်း ဘာတွေ ပြောနေတာလဲ"
"Gem မင်း ငါ့ကို အဲ့လောက်ထိ မုန်းနေမယ်လို့ ငါ မထင်ထားခဲ့ဘူး မင်း ငါ့ကို ဖျက်စီးပစ်လိုက်ချင်သည် အထိ ငါ့ကို မုန်းနေမယ် မထင်ခဲ့ဘူး"
Fot ၏ ပြန်ပြောလိုက်သည့် စကားကြောင့် Gem သည် စိတ်တိုသွားခဲ့သည်။ သူ၏ ခံစားချက်တွေကို Fot သည် လုံးဝကို မသိပါပေ။
"ဘာ ဖျက်ဆီးပစ်ချင်သည်အထိ ဟုတ်လား Fot မင်းဘာ အရူးစကားတွေ ပြောနေပြန်တာလဲ"
"စိတ်ချ မင်းငါ့ကို မမြင်စေချင်ရင် မမြင်စေရဘူး"
Fot သည် ပြောပြီးနောက် ဖုန်းကို ချလိုက်သည်။ တရွေ့ရွေ့သွားနေသော ကားပေါ်မှ သူနောက်တစ်ခါ နှုတ်ဆက်ရသည့် သူ၏ ငယ်ဘဝမြို့ငယ်ကို ကြည့်နေမိသည်။
သူသည် ကားပြတင်းမှ ရှုမျှော်ခင်းတွေကို ငေးရင်း Gem နှင့် အတူရှိခဲ့သည့်နေရက်ကို ပြန်တွေးမိသည်။
ထိုရက်တွင် သူသည် ခေါင်းများ အုံခဲနေခဲ့ပြီး နိုးလာခဲ့သည်။သူပထမဆုံး ခံစားမိလိုက်သည်က သူ၏ ခါးထက်မှ လေးလံနေမှုပင်။ သူသည် သူ၏ လက်မဟုတ်သော လက်တစ်စုံကို ကြည့်လိုက်ရင်း ဘေးဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်က သူအမြဲ စိတ်ကူးယဉ်ခဲ့သော မျက်နှာပင်။ သူသည် ရင်တွေခုန်လာခဲ့ပြီး မနေ့ညက အဖြစ်များကို ပြန်မြင်လာခဲ့သည်။