ခန္ဓာကိုယ်က တဆစ်ဆစ်နာကျင်နေမှုနဲ့အတူ ရာရာနိုးထလာသည်။
"ဟင် ငါ ဘယ်တုန်းက အိမ်ပြန်ရောက်တာလဲ"
ခေါင်းတွေ ချာချာလည်မူးနေပေမယ့် အိပ်ရာထဲကနေ ထလိုက်ပြီး အရှေ့ကိုထွက်လာခဲ့သည်။
"အ့ ကျစ်ကျစ် နာလိုက်တာ လမ်းတောင်လျှောက်မရတော့ဘူး"
အိမ်ရှေ့မှာ လူအရိပ်ယောင်မတွေ့။
ရာရာလည်း ထူးထူးဆန်းဆန်းဖြစ်နေရင်း"ရာရာကအပင်စိုက်က အရမ်းတော်တာ အန်တီရဲ့"
"ဟုတ်လား ဒီကလေး သူ့အဖေနဲ့တူတာနေမယ်"
"ဟုတ်ပါ့ဗျာ သူလည်းငယ်ငယ်လေးနဲ့ အဖြစ်ဆိုးတွေကြုံရတယ်လို့"
"ဖြစ်ချိန်တန်လို့ဖြစ်တယ် လို့ပဲ သတ်မှတ်ရတော့တာပေါ့ ငါ့တူရယ်"
အန်တီဇင်က လယ်တောထဲမှာပဲမွေး ဒီမှာပဲ ကြီးပြင်းခဲ့ပေမယ့် တရားတော့တော်တော်ရနေပုံပေါ်သည်။
အန်တီဇင့်လို့ စိတ်ထားမျိုး မင်းသွေးသူ့အမေစီမှာ ရှိစေချင်သည်။"ဟော သမီးလေး ဘယ်တုန်းကနိုးနေတာလဲ"
"သမီးခုနကပဲနိုးတာ အသံမကြားတာနဲ့ စိုက်ခင်းထဲမှာလားဆိုပြီးဆင်းလာလိုက်တာ"
ရာရာသူ့မျက်နှာကိုမော့မကြည့်ရဲ။
"အေးကွယ် ငါ့သမီးဖျားနေတယ်ဆိုလို့ ဟင်းခါးပူပူလေးသောက်ရအောင် ဟင်းရွက် ဆင်းခူးနေတာ"
"ချာတိတ်သက်သာသွားပြီလား"
"ဟုတ်သက်သာပါတယ်"
"နေမကောင်းတာကို ဘာလို့လိုက်သွားတာလဲ သမီးရယ် မနေ့က မင်းသွေးက သမီးကို ချီပြီးအိမ်ထဲထိပို့ရတာ"
"အဲ့တော့ဘာဖြစ်လို့လဲ အန်တီကလဲ"
"ဟားဟား ချာတိတ်က ပေါ့ပေါ့လေးပါ ကျွန်တော်ချီနိုင်ပါတယ်"
"ဘာမှန်းမသိဘူးဟွန့်"
"ဟောဟောစိတ်ကောက်သွားပြီ"
ရာရာလည်း အိမ်ထဲရောက်မှ ရယ်မိသည်။
လန်းဆန်းသွားအောင် ရေမိုးချိုးပြီးတက်လာတော့ ကြည်ဖြူတို့စီကဖုန်းဝင်လာသည်။