Unicode
မီးရောင်စုံ တွေ သီချင်းသံတွေ နဲ့ဆူညံနေတဲ့ clubထဲမှာ လူငယ်၊လူရွယ် အများစုက ခုန်ပေါက်က ကခုန်နေကြပြီး အချို့ကတော့ ကိုယ့်ဝိုင်း၌ အေးဆေးထိုင်သောက်နေကြသည်။ထိုအထဲ တွင် လောက် တစ်မိုးအောက် တစ်ယောက် ဇိုင်း လည်းပါသည်။
ဇိုင်း ကတော့ ဒီclubကို လာနေကြမလို့ အေးဆေးပင်။ဒီ clubထဲနဲ့ ရင်းနှီးသည့်သူတွေကတော့ ဇိုင်း ကိုတစ်ယောက်မှ မထိရဲကြပါ။အကြောင်းကတော့ ရှင်းပြသည်။တစ်မိုးအောက် တစ်ယောက် ဆိုးတဲ့ ဇိုင်းက ဆိုးသွမ်းသည်။ပြဿနာဖြစ်ရင် လက်ပါလိုက် ရမှ နေသာထိုင်သာရှိသည်။ကိုယ်ဖြစ်လိုက်တဲ့ ပြဿနာက ကြီးသွားပြီးဆိုရင် နောက် ဆက်တွဲ ကိစ္စတွေကို အိမ်က ဒယ်ဒီ မဟုတ်ရင် ဇိုင်းရဲ့ မိထွေးက လိုက်ရှင်းပေးလိမ့်မည်။ဘယ်လောက်ထိ ပျော်စရာကောင်း လိုက်သလဲ။ကိုယ်ရှာတဲ့ ပြဿနာ ကိုလိုက်ရှင်းပေးတဲ့သူရှိတာ။
ဇိုင်းရဲ့ အလုပ်ကိုပြောပါဆို လျှင် တစ်နေ့တစ်နေ့ ရန်ဖြစ်တယ်၊ကားမောင်းပြိုင်တယ်၊ပြီးတော့ ညဘက်ဆို သောက်စားမူးယစ်တယ်။အရက်၊ဆေးလိပ် အကုန်သောက်တယ်။သို့ပေမယ့် ဆေးတော့ မချပါ။
ခုလည်း ဇိုင်း သူ့သူငယ်ချင်းတွေနဲ့ Clubကိုရောက်နေခြင်းဖြစ်သည်။သူငယ်ချင်းဆိုလို့ များများစားစားမရှိပါ။ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ထက်အောင် တစ်ယောက်ပဲရှိသည်။ကျန်တဲ့ကောင်တွေကတော့ ရှိတာပေါ့။သို့ပေမယ့် သူတို့ကတော့ ဇိုင်း ဆိုတဲ့ကောင်ကို ခင်တွယ်တာ မဟုတ်ဘဲ သုံးမကုန်နိုင်သော ဇိုင်း စည်းစိမ်း မဟုတ်ဘူး...ဒယ်ဒီ စည်းစိမ်တွေတွေ အရှိန်အဝါတွေကြောင့် ကပ်နေကြတာ"
"ဇိုင်း ...မင်းငြိမ်လှချည်လား"
"....."
"ဘာလဲ မင်း ဟန်နီနွေး နဲ့ ပြဿနာဖြစ်လာပြန်တာလား"
ဒါပဲလေ။ထက်အောင် က ဇိုင်း အကြောင်း အစအဆုံးသိသည်။ခု ဇိုင်း ငြိမ်နေတာနဲ့ အိမ်က ဒယ်ဒီ့ မိန်းမနဲ့ပြဿနာဖြစ်လာမှန်း သူတန်းသိသည်။
"ဆိုပါတော့..."
"ထားလိုက်ပါ..."
"အွန်း ...တကယ်အာရုံနောက်တယ်ကွာ"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"