Unicode
ခတ္တာ ဒီညနေတော့အိမ်မပြန်ဖြစ်တော့ပါ။ဆေးရုံမှာပဲ နေဖြစ်တော့သည်။တော်သေးသည် တစ်ခုက ဆေးရုံက privateဖြစ်နေပြီး ဆရာဝန်တစ်ယောက်ချင်းစီအတွက် သီးသန့်အိပ်ယာပါသည့်နားနေခန်းတွဲရက် အခန်းတွေစီစဥ်ပေးထားလို့ပေါ့။ခတ္တာလည်း အခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်လိုက်ပြီး ညနေစာစားဖို့ ကန်တင်းကိုပဲလာခဲ့လိုက်သည်။
သူကတော့ ပုံမှန်စားနေကြအတိုင်း ထမင်းနဲ့ဟင်းအမယ်တချို့နဲ့ကိုဝယ်ခဲ့လိုက်ပြီး ဟိုချေးများတဲ့ လူဆိုးကောင်လေး အတွက်ကတော့ သူကြိုက်မယ်ထင်တာလေးရယ်နဲ့ အရွက်ကြော်လေး ဝယ်လာခဲ့ပေးလိုက်သည်။
"ညစာစားတော့ရအောင်လေ...ပြီးရင် ဆေးသောက်ပြီးနားတော့"
"အွန်း..ဒါနဲ့ဒေါက်တာကော စားပြီးပြီလား"
"အင်း ...မင်းကိုကျွေးပြီးရင် တို့လည်းစားတော့မလို့ပါပဲ"
"ရတယ်...အဲ့တာဆို ဒေါက်တာပဲ အရင်စားလိုက်...ဒေါက်တာစားပြီးမှ ကျုပ်ကို ကျွေးတော့"
"မဟုတ်ဘူးလေ...မင်းကဆေးသောက်ရအုံးမှာလေ အချိန်မှန်တော့ စားရမှာလေ"
"ကျုပ်က ဘယ်ချိန်စားစားရတယ်.......
ဒေါက်တာသာ တစ်ချိန်လုံး ပြေးလွှားနေရလို့ အရင်စားခိုင်းနေတာ....ပြီးတော့ ဒေါက်တာက နေ့လယ်စာလည်းစားထားတာမဟုတ်ဘဲ"ခတ္တာလည်း သူ့ရှေ့ကနေ သူ့ကိုတစ်ခုချင်းထောက်ပြလာတဲ့ ဟိုလူဆိုးကောင်ရဲ့ စကားကို အထွန့်တတ်မနေချင်တော့ပါ။ဆက်ပြောနေလည်းအပိုပဲလေ။သူက သူဖြစ်ချင်တာကို မဖြစ်မချင်းပြောနေမှာ မို့ ခတ္တာသာ လက်လျော့လိုက်ပြီး သူဝယ်ခဲ့တဲ့ ထမင်းဘူးလေးကိုင်ကာ တစ်ဖက်က စားပွဲလေးပေါ်မှာ သွားစားလိုက်သည်။
ဇိုင်း သူ့ရှေ့မှာ အစားထိုင်စားနေတဲ့ ဒေါက်တာကို တစ်ချက် တစ်ချက် ခိုးကြည့်မိသည်။သူတကယ်ပဲ ချစ်မိသွားတာကို ယုံတောင်မယုံနိုင်ဘူးနော်။ဒီလောက်တောင် ရမ်းသန်း Hotနေတဲ့ မိန်းကလေးတွေကိုတောင် ရင်မခုန်ခဲ့တာ ဒီ အမျိုးသမီးနဲ့ကျမှ ပဲ သူ့မှာ မခံစားဖူးတာတွေခံစားရလို့။
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"