Unicode
"Hello ငြိမ်း"
"အွန်း...ပြောလေမောင်"
"ခုကန်တင်းမှာလား"
"အင်း"
"မောင် လာခဲ့မယ်"
မောင်ကပြောပြီး ဖုန်းချသွားသည်။ခနတော့ရောက်လာပါပြီ သူ့ရဲ့မောင်။
မောင်က ဒီနေ့ပုံမှန်နေ့တွေလိုမဟုတ်ဘဲ Suitအပြည့်ဝတ်ထားပြီး တကယ်ကို လူကြီးလူကောင်း ပီသ နေပါသည်။အသားညိုလတ်လတ်ကိုမှ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ Suit အပြည့် ဝတ်ထားပုံက ဝတ္ထုထဲက မင်းသားတွေလိုပင်။ကြွက်သားတွေက လည်း တင်းထွက်နေသည်။
"ငြိမ်း...မောင်အရမ်းချောနေလို့လား"
"အင်း...မောင်က ဒီနေ့ လူကြီးဆန်နေတာ"
"အွန်း...company စသွားတဲ့ရက်ဆိုတော့ နည်းနည်း ကြည့်ကောင်းအောင် ဝတ်ရုံပါ"
"ဟုတ်သားပဲ...တစ်ပတ်တောင်ပြည့်သွားပြီကို..."
"အင်း...မိန်းမယူဖို့ အလုပ်လုပ်ရတော့မယ်လေ"
"ဟုတ်ပါပြီ....မိန်းမယူဖို့ ပိုက်ဆံသေချာရှာပြီး စုလိုက်ပါအုံး"
"ဟားဟား ဟုတ်ပါပြီဗျာ"
"ဒါနဲ့...မောင် ဘာစားမလဲ"
"ငြိမ်း စားနေတာပဲ နည်းနည်းကပ်စားတော့မယ်"
"မောင် မဝ ဘဲနေလိမ့်မယ်လေ"
"ဝတယ်"
"ဟုတ်ပြီ ...မောင့်သဘောပဲ"
"အင်း"
ငြိမ်းလည်း ပန်းကန်ကို မောင့်ရှေ့ကို တိုးပေးလိုက်သည်။မောင်က နည်းနည်းချင်းစီသာ စားသည်။
"မောင် ...ဒါပြီးရင်သွားမှာ မလား"
"အင်း"
"အလုပ်သေချာ ကြိုးစားခဲ့နော် မောင်...ဝန်ထမ်းတွေကို သေချာဆက်ဆံနော်..ပြီးရင် သေချာသင်ယူနော်လုပ်ငန်းအကြောင်းကို"
"ငြိမ်း...ငြိမ်းက မောင့်ကို ဘာမှ မလုပ်တတ်ဘူးထင်နေတာလား"
"မဟုတ်ဘူးလား"
"မောင် နိုင်ငံခြားမှာ ကျောင်းတတ်တုန်းက ကျောင်း ပြီးတာနဲ့ အဲ့မှာ ရှိတဲ့ ရုံးခွဲတွေကို မောင်ပဲ ဦးစီးတာ...ဒီမှာနေပြီး အလုပ်မလုပ်တာက မလုပ်တတ်လို့မဟုတ်ဘူး...အိမ်က ဒယ်ဒီကိုရွဲ့ချင်လို့"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"