Part 33

1.5K 26 1
                                    

Unicode

ဇိုင်း ကားကို တရွေ့ရွေ့မောင်းပြီး ထွက်ခဲ့လိုက်သည်။ခရီးက ဝေးတော့ နှစ်ရက်လောက်သွားရသည်။ပထမ တစ်ရက်ကတော့ အဆင်ပြေပါသည်။ရာသီဥတုက ကောင်းတာနဲ့ အဆင်ပြေလှပါသည်။

ခုဒုတိယ ရက်ကတော့ တောင်ပေါ်ကိုပတ်နေတဲ့အချိန်မှာ မိုးက သဲကြီး မဲကြီးရွာနေပြီး လမ်းက ကြမ်းနဲ့တော်တော်ကို အဆင်မပြေလှပါ။လမ်းမီးတွေ လည်း မရှိတော့ ကားမီးကိုပဲ အမှီပြုပြီး တောင် ပတ်လမ်းကို မောင်းနေရသည်။

မိုးတွေကလည်း အရှိန် လုံးဝ လျော့ မသွားပါ။မိုးက သည်းတစ်ထက် သည်းလာသည်။ငြိမ်း ရှိတဲ့နေရာကို ရောက်ဖို့က သိပ် မလိုတော့တာကို မိုးက တားနေလေရဲ့။

ဇိုင်းလည်း စိတ်မရှည်လာတော့တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အရှိန်ပြန်တင်ကာ မောင်းခဲ့လိုက်သည်။

"ဒုန်း"

ကားကအရှိန်နဲ့သွားနေရင်း ဇိုင်း တစ်ခုခုကိုဝင် တိုက်မိလိုက်ပြီး ဇိုင်း သူ့နဖူးကို ကားနဲ့စောင့်မိပြီး ဇိုင်း ကမ္ဘာကြီး ခနတာမဲမှောင်ကျသွားသည်။

........................................................................

တစ်ဖက် မှာတော့....

ငြိမ်း ဒီတစ်ပတ်လုံး အလုပ်တွေနဲ့သာရှုပ်နေသည်။ မောင့်ကို လွမ်းတာတောင် ကောင်းကောင်း မလွမ်းနိုင်ပါ။

ခုတော့ မိုးတွေက အသည်းအသန်ရွာနေတာ ညနေ ငါးနာရီပဲရှိသေးတာတောင် မှောင်ချင်သလိုလိုတောင်ဖြစ်နေတဲ့အထိမိုးတွေညိုပြီး သဲကြီးမဲကြီးရွာချနေတဲ့ မိုးရွာရင် အလွမဓာတ်အခံကစနေပြီလေ။မိုးက သည်းလေလေ ငြိမ်း က မောင့်ကိုပို လွမ်းလာလေလေပေ။

"ဒေါက်တာတို့ ...ဗျို့ ဒေါက်တာတို့"

ငြိမ်း မောင့်အကြောင်းတွေးနေတုန်းပဲရှိသေးသည်။အောက်ကနေ ရွာသားတချို့က ငြိမ်းတို့ကိုလှမ်းခေါ်ကြသည်။

ငြိမ်းတို့လည်း အဆောင်အောက်ကို အမြန်ဆင်းသွားလိုက်သည်။

"ဘာဖြစ်လို့လဲရှင်...တောင်ပတ်လမ်းမှာ လူတစ်ယောက်က သစ်ပင်ကြီးကို ကားနဲ့ဝင်တိုက်ပြီး သတိမေ့နေလို့ အဲ့တာသစ်ပင်သွဖယ်ရင်းနဲ့ တွေ့ခဲ့လို့ ခုဆေးပေးခန်းကိုခေါ်လာတယ်..."

𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵 Where stories live. Discover now