Unicode
"ဟျောင့် ဇိုင်း....မင်းမနေ့ညက ထိသွားတယ်ဆို"
ထက်အောင်ကဘclubမန်နေဂျာဆီက ဇိုင်းသတင်းကြားတာနဲ့ ဇိုင်းရဲ့ ကွန်ဒိုကို ရောက်လာတော့သည်။
"အေ အငိုက်မိသွားတာ"
"ဘယ်ကကောင်တွေလဲ"
"ဘယ်သိမလဲဟ"
"ဟ အဲ့တာဆို လူသစ်တွေပေါ့"
"အေ....ငါ့ကို အဲ့တာ ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းပေး"
"အေ့ပါ....ဒါနဲ့မင်းဒဏ်ရာ အဆင်ပြေရဲ့လား"
"ပြေတယ် ကိစ္စမရှိဘူး"
"ဟုတ်ပြီ"
ဇိုင်းလည်း ဘာမှ ဆက်မပြောတော့ဘဲ ဆေးလိပ်သာ ထိုင်ဖွာနေလိုက်သည်။
ဇိုင်း မနေ့ညက အဖြစ်ကို ပြန်တွေးပြီး ပြုံးလိုက်မိသည်။ဇိုင်း ခန္ဓာကိုယ်မှ တတ်တူးတွေကိုတွေ့ရဲ့သားနဲ့ ထုံဆေးပေးပြီး ချုပ်ပေးချင်နေတဲ့ထိုဒေါက်တာ အကြောင်းတွေးပြီး ပြုံးမိပြန်သည်။"ထက်အောင် မင်းနေမယ်ဆိုလည်းဆက်နေ လိုက် ငါတစ်နေရာဒိုးလိုက်အုံးမယ်"
"ဘယ်ကိုလဲ"
"ဆေးခန်း"
"ငါလိုက်ကူစရာ လိုသေးလား"
"မလိုဘူး"
"အေ ငါရော ပြန်တော့မယ် အိမ်က မားသားကြီးက ပွားနေပြီ"
"အေ အဲ့တာဆို ငါအရင် လစ်ပြီ"
ဇိုင်းလည်း ပြောပြီးတာနဲ့ ငြိမ်း ဆေးခန်းဘက်ကို ထွက်ခဲ့လိုက်သည်။ဆေးခန်းကိုရောက်တော့ ဆေးခန်းက မဖွင့်သေးပါ။ဆေးခန်းဖွေင့်ချိန်ကြည့်လိုက်တော့ ညနေ ၄နာရီမှ ဆိုတော့ ဇိုင်း ကျွတ် တစ်ချက်သပ်ကာ ဇိုင်းသွားနေကျ ဖဲရုံကိုသွားပြီး ဖဲ သွားချနေလိုက်သည်။
"ဟ ဇိုင်း မင်းမလာတာ ကြာပြီနော်"
"အွန်း လမ်းကြုံလို့"
"ကဲ ဒီနေ့တော့ ပွဲစည်ပြီကွာ"
"ပြောနေရင် ကြာတယ် တစ်အိမ် တည် လိုက်တော့"
"okay"
ဒီလိုနဲ့ မင်းဆက် လောင်းကစားဝိုင်မှာ တော်တော်ကြာသည်အထိ ကစားပြီးနာရီကြည့်လိုက်တော့ ၃နာရီခွဲဆိုတာနဲ့ ဝိုင်းမှ ထထွက်ခဲ့လိုက်သည်။ကျန်နေတဲ့ သူတွေကတော့ အောင့်သက်သက်နှင့်ပင်။ဒီနေ့လည်း ဇိုင်း ကိုက်လာသည်လေ။ဇိုင်းက အိမ်က အဖေပိုက်ဆံတွေကိုဖြုန်းဖို့ လောင်ကစားတွေ ကားမောင်းပြိုင်တာတွေ လုပ်တယ်။ကံကောင်းချင်တော့ ပွဲတိုင်းနိုင်နေတော့ ထင်ထားသလိုမဖြစ်လာပါ။အဲ့တော့ ဇိုင်းရန်ဖြစ်ရုံပဲရှိသည်။ဇိုင်း ရန်ဖြစ်တိုင်း သူတို့နောက်ကနေ လိုက်ရှင်းရသည်မလား။အဟက်။
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"