Unicode
"ကို ငြိမ်းမောင်"
"ပြောလေ ယဥ်"
"သမီးလေးလေ ခုတစ်လော နည်းနည်းထူးနေဆန်းနေသလိုပဲ"
"ဘာကိုလဲ"
"အရင်ကဆို...အလုပ်နဲ့ဆေးရုံပဲလေ...ခုဆို အိမ်ပြန်လာတာတွေက အချိန်မမှန်တော့ဘူး ပိတ်ရက်ဆိုလည်း အိမ် သိပ်မကပ်တော့ဘူး...ရည်းစားတွေဘာတွေများနေပြီလားမသိဘူး"
"အော် ယဥ်ရယ် ရည်းစားရတော့လည်း ဘာဖြစ်လည်း သမီးက ကလေးလည်း မဟုတ်တော့ဘူးလေ"
"ရည်းစားရတာက အကြောင်းမဟုတ်ပေမယ့် ပထမ တစ်ယောက်တုန်းကလို ဖြစ်မှာစိုးလို့လေ"
"အော်...သမီးလေးက အခုအရွယ်ရောက်နေပြီလေ သူ့ဟာသူ စဥ်းစားတတ်ပါတယ် ယဥ်ရဲ့"
"အင်းပါ"
"ယဥ်ပဲ စိတ်ပူလွန်နေတာပါ...ယဥ်စိတ်ပူပေးရမှာ သမီးကို မဟုတ်ဘူး ကိုယ့်ကို"
"ကိုငြိမ်းမောင် ရှင် စလာပြန်ပြီ"
"ဟ...ဘာမှတောက် မပြောရသေးတာကို
ယဥ်ရာ""ရှင် ပေါက်ကရ ပြောမှာတွေကို ယဥ် ကြိုသိနေတယ်လေ....ခု အလုပ်သွားတော့မှာမလား အမြန်ကြွ"
"အာဘွားလေးပေးပါအုံး ယဥ်ရဲ့"
"ကိုငြိမ်းမောင်"
"သွားပြီ ကိုယ်သွားပြီနော်"
"အင်း"
.......................................................................
"Hello ဇိုင်း"
"အွန်း ထက်အောင်ပြော"
"ငါတို့ မတွေ့တာကြာပြီလေ ကွာ ဒီည တွေ့ကြမလား ပုံမှန်နေရာမှာပဲ"
"ဒီညတော့ မရဘူးဟျောင့်"
"မင်းမလည်းနော်...ရည်းစားရပြီးကတည်းက ကလေးအဖေထက်ကို အလုပ်ရှုပ်နေတော့တာပဲ"
"လီးကိုကလေးအဖေလား.."
"မင်းတကယ် မလာဖြစ်ဘူးလား"
"အွန်း ဒီနေ့ ငြိမ်းနဲ့ ချစ်သူ သက်တမ်း ၁ လပြည့်လေ"
"ဒီအဖေ့သားကတော့"
"ဘောမို့ မင့်သားလားဟ"
"အေ မလာလည်း ပြီးရော တစ်ယောက်တည်းပဲ ဒိုးတော့မယ်"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"