Unicode
"ငြိမ်းတို့က ကံကောင်းလိုက်တာနော်...ချစ်သူက ဒီထိတောင် လိုက်လာတာ"
"အဟွန်း...မဟုတ်ပါဘူး...သူလည်း ဒီကို လိုအပ်တာတွေလာလုပ်ပေးတာပါ...နောက်၂ရက်နေရင် လိုအပ်တာတွေ ရောက်လာတော့မှာ...ဆရာဝန် အဖွဲ့တွေအတွက်ပါ ပါတယ်ပြောတယ်"
"ဟယ်...အဲ့လိုကြားရတော့ ဝမ်းသာပါတယ်...ဒါပေမယ့် ဒီကိုလာတယ်ဆိုတာကလည်း ငြိမ်းရှိနေလို့ လာတယ်ဆိုတာ မမာက သိပါတယ်နော်"
"ဟင်း...ဒေါက်တာကလည်း ဆက်မစတော့ပါနဲ့...ငြိမ်း မနေတတ်လာတော့ဘူး"
"ဟားဟား...ဟုတ်ပါပြီ"
ငြိမ်းတို့လည်း စကားပြောပြီးတာနဲ့ ဆေးပေးခန်းမှာ ဆေးခန်းလာပြတဲ့ ဒေသခံတွေကို သေချာ စစ်ဆေးပေးလိုက်သည်။ဒီတစ်လကတော့ ဆေးကုရင်းဒီဒေသခံက Nurseတွေကို သင်ပြဖြစ်သည်။ဆေးကုရင်းနဲ့လည်း ဒီဝမ်းရောဂါတွေ ဘယ်က စ လဲဆိုတာပါ သိရဖို့ သုတေသနကလုပ်ရသေးသည်။တစ်ချိန်ထဲမှာ အလုပ် သုံးမျိုး ဖြစ်နေလေရဲ့။
ညနေ ၁နာရီထိုးတော့ ငြိမ်းတို့ ဆေးပေးခန်းကနေ အဆောင်ကိုပြန်ခဲ့ကြသည်။အကုန်လုံးက အပေါ်တတ်သွားပေမယ့် ငြိမ်းကတော့ မောင့် အခန်းထဲကိုသာဝင်ခဲ့လိုက်သည်။
လုပ်ဖော်ကိုင်ဖက်တွေကတော့ ပြုံးစိစိ လုပ်သွားကြသည်။ငြိမ်းအခန်းထဲကို ဝင်တော့ မောင်က ကုတင်ပေါ်ထိုင်ပြီး ခေါင်းရင်းက ပြတင်းပေါက်နားမှာထိုင်ပြီး ရှုခင်းတွေကိုကြည့်နေသည်ထင်ပါရဲ့။
"ငြိမ်း လာ မောင့်ဆီကို"
"မောင်...ငြိမ်း ဆီမှာ ဆေးနံ့တွေနဲ့"
"လာခဲ့"
"အင်း"
ငြိမ်း မောင့်ဆီသွားပြီး ကုတင်ပေါ်ထိုင်လိုက်တော့ မောင်ကသူ့အနားကိုခေါ်ပြီး ငြိမ်းကိုသူ့ခန္ဓာကိုယ်ထဲကွေးကွေးလေးဖက်လိုက်ပြီး ငြိမ်းကိုပါ ရှုခင်းတွေကိုကြည့်ခိုင်းလာသည်။
"ငြိမ်း ကြည့်ပါအုံး ဒီတောင်ပေါ်ကနေ အောက်အထိပါ မြင်ရတာနော်...တောင်ပတ်လမ်းတွေရယ်၊စိမ်းစိုနေတဲ့ သစ်ပင်ရယ်၊ပြီးတော့ တိမ်တွေကလည်း အနီးအနားမှာ ရှိနေသလိုပဲ တိမ်ပင်လယ်ကိုရောက်နေသလိုပဲနော်"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"