Unicode
မောင့်အိမ်ကို ရောက်တော့ မောင်တို့ အိမ်က အကျယ်ကြီးပင်။စံအိမ်တွေ လိုမျိုးပင်။
"လာ ငြိမ်း"
မောင် က ငြိမ်းလက်ကို တွဲလာပြီး အိမ်ထဲခေါ်ခဲ့လိုက်သည်။
"သား ဇိုင်းလာပြီလား"
"အင်းကြီ မြ"
"ဒယ်ဒီကော.."
"မင်းဒယ်ဒီက အပေါ်မှာရှိပါတယ်"
"ဟိုမိန်းမကကော..."
"သူက အပြင်သွားတယ်"
"သူ မရှိတာပဲကောင်းပါတယ်"
"သားဇိုင်း...တို့ ခု ထမင်းစားကြတော့မလား"
"ငြိမ်း ..စားတော့ရအောင်နော်"
"အွန်း...မောင့်သဘော"
ငြိမ်းလည်းမောင့်နောက်က လိုက်ပြီး ထမင်းစားခန်းထဲဝင် ခဲ့လိုက်သည်။
"ကြီးမြ ဒါက ဒေါက်တာငြိမ်းခတ္တာတဲ့ ကျွန်တော့် ချစ်သူ...ငြိမ်း ဒါက မောင်ပြောတဲ့ ကြီးမြ"
"တွေ့ရတာ ဝမ်းသာပါတယ် ကြီးမြ"
"အေ့ကွယ်ကြီး မြရော ဝမ်းသာပါတယ်..သမီးလေးက အချောလေးပဲ"
"ဟုတ်ကျေးဇူးပါ"
"အေ့ကွယ်"
"ကြီးမြ နားမယ်ဆိုနားတော့လေ...ငြိမ်းကို ကျွန်တော်ပဲ ထမင်းပြင်ပေးလိုက်မယ်"
"အော်အေအေ"
ဒေါ်မြလည်း ထမင်းစားခန်းထဲမှ ထွက်ခဲ့လိုက်သည်။သားဇိုင်းကို ဒီလို မြင်ရတာ စိတ်ချမ်းသာသည်။သာဇိုင်းက အရင်လိုရန်တွေပဲ ဖြစ်မနေတော့ပဲ ခုဆို အိမ်ကိုတောင် မခေါ်ပဲ ပြန်လာတတ်နေပြီ။ဒေါ် မြ လည်း သူတို့သားအဖကို အရင်လို မြန်မြန် ပြန်အဆင်ပြေစေချင်သည်။
တစ်ဖက်က ထမင်းစားခန်းထဲမှာတော့....
"ငြိမ်း မောင် ထမင်းခူးပေးမယ်နော်"
"အင်း"
ဇိုင်းလည်း ထပြီး ထမင်းတစ်ပန်းကန် ခူးပြီး ဇွန်တပ်ပေးလိုက်သည်။
"ရပြီ ငြိမ်း...မောင် ခွံ့ပေးရမလား"
"ဟင့်အင်း ငြိမ်း ငပိရည်လေးနဲ့ ကိုယ့်ဟာကိုယ် နယ်စားမှာ"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"